Zawgyi
My Precious Doctor
Ep 22"အော် မားနဲ့ ယွီယွီပါလား လာလေ"
ရှောင်ကျန့် ရိပေါ်ကို တွန်းထုတ်လိုက်ပြီး
ရှက်ကိုးရှက်ကန်းဖြင့် မားတို့အား ခေါ်လေတော့ယွီယွီနဲ့ ရှောင်မား အခန်းထဲသို့ ဝင်လာပြီး
"ပျော်ရွှင်စရာ မင်္ဂလာပွဲလေးပါ အားကျန့်"
ရှောင်မား ရှောင်ကျန့်ကို ဖက်ကာ
ဝမ်းသာစကားဆိုလေသည်ရှောင်ကျန့် ရိပေါ်ကို တစ်ချက်ကြည့်လိုက်တော့
ရိပေါ် ခင်ဗျာ ရှောင်မားကို မကြည့်ရဲလို့
ခေါင်းလေးငုံ့နေရှာတာရှောင်ကျန့် ရှောင်မားကိုကြည့်ကာ
မျက်စပစ်ပြလိုက်တော့
ရှောင်မား အကင်းပါးစွာဖြင့်
ရိပေါ် ဘက်သို့လှည့်ကာ
"သား ရိပေါ်"
ရှောင်မားရဲ့ သားလို့ ခေါ်သံမှာ
ရိပေါ် ကြည်နူးသွားရလေသည်
ငယ်ငယ်တည်းက
မိခင်ဆုံးသွားတာကတစ်ကြောင်း
ချစ်ရသူရဲ့ မားဖြစ်နေတာက တစ်ကြောင်း
ရိပေါ် ရှောင်မားရဲ့ သားလို့ ခေါ်သံကို
တကယ်ကိုပဲ နှစ်သက်လွန်းနေသည်ရိပေါ် ရှောင်မားကို ဝင်းလက်နေသော
မျက်လုံးများဖြင့် ကြည့်ကာ
"ဟုတ်ကဲ့ အန်တီ""ဘာ အန်တီလဲ မားလို့ ခေါ်လေ"
"ဟမ် ဟုတ် မား...."
"အဲ့လိုမှပေါ့ မား ရဲ့ ဒေါက်တာ အဆိုးလေးကို
သားဆီ အပ်လိုက်ပြီနော် သားက ဂရုစိုက်ပေးပါ
ဖြစ်ခဲ့တာ တွေ အတွက် မားတောင်းပန်ပါတယ်"
ရှောင်မား ပြောတော့
"မားကလည်း သားက ဘယ်နားမှာဆိုးနေလို့လဲ
ဟွန့်"
ရှောင်ကျန့် မားကို ကပ်ချွဲနေလေသည်
ရိပေါ် ရှောင်ကျန့်ရဲ့ ချွဲနေတဲ့ပုံစံလေးကို
တစ်ခါမှ မမြင်ဖူးဘူး
မားရှေ့ရောက်မှ ချွဲနေတဲ့ ကလေးကြီးကို
ရိပေါ် သေချာကြည့်ကာ အချစ်ပိုနေမိတော့သည်"ရပါတယ် မား က လူကြီးပဲ တောင်းပန်စရာမလိုပါဘူး ပြီးတော့ ဘယ်လိုတွေ ဖြစ်သွားတာလဲဟင်"
ရိပေါ် ရှောင်မားကို မေးတော့ ယွီယွီက ဝင်ဖြေလေသည်"ရိပေါ် ယွီယွီ တောင်းပန်ပါတယ်နော်
ယွီယွီ့ကို ခွင့်လွှတ်ပါ ယွီယွီ ရှောင်ကျန့်ကောကို
ရိပေါ် လက်ထဲက လုမယူသင့်ဘူး
တစ်ချိန်ကြရင် ယွီယွီ့ကို ရှောင်ကျန့်ကောက
ချစ်လာမှာပဲ လို့ ထင်ခဲ့မိတာ
ရှောင်ကျန့်ကောနဲ့ ရိပေါ်ရဲ့ ချစ်ခြင်းတွေကို
ယွီယွီ နောက်ကျမှ သိခဲ့ရလို့
စိတ်မကောင်းလည်းဖြစ်မိပါတယ်
ဒါကြောင့် လက်ထပ်ပွဲမှာ ရှောင်ကျန့်ကောကို
ဝတ်စုံပေးခိုင်းလိုက်ပြီး
ရိပေါ်နဲ့ လက်ထပ်စေခဲ့တာ
ယွီယွီ နောက်ဆုတ်ပေးရကျိုးနပ်အောင်
ရှောင်ကျန့်ကောကို သေချာချစ်ပေးပါနော်"
CITEȘTI
My Precious Doctor
Fanfiction"အသည်းခွဲခဲ့တယ်လို့ပြောရအောင်လည်း ကျန့်ကောက ငါ့ကို ချစ်တယ်လို့လည်း ပြောခဲ့တာမဟုတ် ပြန်လာမယ်ဆိုတာဟာ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက်လား ကျန့်ကောရယ်"