Extra

2.4K 148 9
                                    

Zawgyi

ရှောင်ကျန့် ဆေးပေးခန်းသွားနေတုန်း
ရိပေါ် အိမ်မှာ ကလေးထိန်းကျန်ခဲ့လေသည်
၃နှစ်ရှိပြီ ဖြစ်တဲ့ ဝမ်ရိကျန့်လေးဟာ
တော်တော်ကို ချစ်စရာကောင်းနေသည်

သူ့ပါပါးရဲ့ coatအဖြူရောင်လေးကို
ဝတ်ကာ
"တားတားကရေ ကြီးရင် ပါပါးလို ဆရာဝန်ကြီး
လုပ်မှာ သိလား ဒယ်ဒီ ဒယ်ဒီရေါ လုပ်မှာလား"
ဝမ်ရိကျန့်လေးက မေးတော့

"တော်ပါကွာ သားသားက ဆရာဝန်ကြီးဖြစ်အောင်လုပ် ဒယ်ဒီကတော့ အိမ်က ဆရာဝန်ကြီးကို လုပ်မယ်"(ငင့်🥴)

"ဟင် ဒယ်ဒီဘာစကားကြီးလဲ"

"သားကြီးလာရင် သိမှာပါ"
ရိပေါ် ပြောလိုက်တော့
ဝမ်ရိကျန့် စိတ်ထဲတွင်
"ကြီးတဲ့ အထိတော့ မစောင့်နိုင်ပါဘူး
ပါပါး ပြန်လာရင် မေးကြည့်ရမယ်"
(အဟိ ကလေးကို မဟုတ်တာတွေလျှောက်ပြောလို့ ညစာငတ်တော့မယ်😂)

ရိကျန့် ကစားနေတုန်း
ရိပေါ် အပြင်ခဏထွက်သွားလေသည်

ခဏဆိုမှ ခဏလေးပဲ
ဘာသွားလုပ်တယ်ထင်လဲ
(ရှူးသွားပေါက်တာလား🥴)

ဒီနေ့new yearလည်းဖြစ် သားလေး
မွေးနေ့လည်း ဖြစ်လို့ မွေးနေ့ကိတ်မှာထားတာ
အဲ့ဒါ လါပို့လို့ အိမ်ရှေ့ထွက်ယူတာ
ပြန်လာတော့
ရိပေါ်မှာ ရယ်ရခက် ငိုရခက်
သူ့ပါပါးရဲ့ အင်္ကျီအဖြူလေးပေါ်မှာ
မှင်တွေ စွန်းလို့
မျက်နှာမှာလည်း ပေကျံလို့
(ပေကျံတလူးလေး😆)
ဒါပေမဲ့ အဲ့အင်္ကျီက လက်ထပ်တာ
၃နှစ်ပြည့်တဲ့နေ့က ရိပေါ် ရှောင်ကျန့်ကို
ဝယ်ပေးထားတဲ့ အင်္ကျီ
ပြန်လာရင် ဒေါက်တာလေး ဒေါပွတော့မှာ
မြင်ယောင်မိ

"သားရယ် ဘယ်လိုတောင် ဆော့ရတာလဲ
ဒယ်ဒီ ကွယ်တာနဲ့ လုပ်ချင်ရာလုပ်တော့တာပဲ"
ဆိုပြီး
ရိပေါ် သားဖြစ်သူကို ပြုံးပြုံးကြီး
ကြည့်နေတုန်း

"ဝမ်ရိကျန့်........."
ရှောင်ကျန့် စိတ်တိုကာ အော်လေတော့သည်

"အယ် ကိုကို ပြန်လာတာလား"

ရှောင်ကျန့် ဆေးတစ်ချို့ ပြန်လာယူတာ
အိမ်က သားအဖ မြင်ကွင်းကို
မြင်လိုက်ရတော့
ဒေါသမထွက်ဘဲ ရှိပါ့မလား
ပြီးတော့ ရိပေါ် ဝယ်ပေးထားတဲ့
အရမ်းတန်ဖိုးထားရတဲ့
အင်္ကျီ အဖြူလေး ခုတော့ သွားပါပြီ

My Precious DoctorOnde histórias criam vida. Descubra agora