Ep 11

1.6K 141 1
                                    

Zawgyi

ရိပေါ် အခန်းထဲတွင် ဝင်ပုန်းနေပြီး
နေ့လည်လောက်ရောက်တော့
"ကျန့်ကော ကို လွမ်းလိုက်တာကွာ သွားတွေ့ဉီးမှပဲ"
ဆိုပြီး ဆေးပေးခန်းကို သွားလေသည်

ဆေးပေးခန်းရောက်တော့
"အဟင့် ကျန့်ကော ကျန့်ကော သားကိုကယ်ပါဉီး သားခြေထောက်မှာ ဒဏ်ရာကြီး ကြည့်ပေးပါဉီး"

ရှောင်ကျန့်လည်း ပျာယာခတ်ပြီး
"ရိပေါ် ရိပေါ် ဘာဖြစ်လာတာလဲ ပြ ပြပါဉီး
ခြေထောက်ကို"
ဆိုပြီး စကားတောင်အထစ်ထစ် အငေါ့ငေါ့နဲ့
စိုးရိမ်နေလေသည်

ရိပေါ်လည်း ခြေထောက်ကို ပြလိုက်တော့
"ကျန့်ကော သားခြေထောက် ဘယ်လို ဖြစ်သွားမှာလဲဟင်"

"ဖြတ်ပစ်ရမှာ"

"ဟင် ဖြတ်ပစ်ရမှာ ဟုတ်လား"

"ဟုတ်တယ် အရင်းကကိုဖြတ်ပစ်ရမှာ"

ရှောင်ကျန့် စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်သည်
စဉ်းစားကြည့်ဉီးဗျာ
ဒဏ်ရာကြီး ဆိုလို့ စိတ်ပူလိုက်ရတာ
ဒဏ်ရာဆိုတော့ ​သစ်ကိုင်းခြောက်တစ်ခုခုနဲ့
ခြစ်မိထားတဲ့ အစင်းကြောင်းလေး
အဲ့ဒါကိုများ ဒဏ်ရာတဲ့ဗျာ
ဖြတ်ရမယ် လို့ ပြောပစ်လိုက်တယ် အေးရော

"ကျန့်ကော မဟုတ်ဘူးမို့လား မနောက်ပါနဲ့ဗျာ
သစ်ကိုင်းလေးနဲ့ ခြစ်မိလာတာကို"

"ဒါဆို ဘာလို့ ရေးကြီးခွင်ကျယ်လုပ်ပြီး လာပြနေသေးလဲ"

"အော် ဒါကတော့ လွမ်းတာကိုးလို့ ကျန့်ကော ကို
တစ်ရက်မတွေ့ရရင် မနေနိုင်ဘူးဗျာ"

ဟုတ်လည်း ဟုတ်သည်
ရိပေါ် ကျန့်ကောကို လွမ်းလို့ဆိုပြီး
အိမ်ရှေ့က သစ်ကိုင်းကို ဆွဲယူပြီး
ကိုယ့်ဘာသာကို ခြစ်လာတာ
ဘယ့်နှယ့်လဲ ရိပေါ်တော်တယ်မလား

"ဘာ ဘာ ဘာတွေ ပြော ပြောနေတာလဲ"

"ကျန့်ကောကလည်း လွမ်းပါတယ်ဆိုဗျာ
တစ်ခါတစ်လေလေး နူးနူးညံ့ညံ့
ဆက်ဆံပေးလို့မရဘူးလားဗျာ"

"သွား သွား သွားတော့ ငါ အလုပ်လုပ်ရဉီးမှာ"

ရှောင်ကျန့် ရိပေါ်ကို နူးညံ့အောင် စကားပြောချင်ပါသည်
ဒါပေမဲ့ ဒီကလေးက အတော်ဆိုးသည်
ဒါကြောင့်သူ့ကို လျှော့ပေးလို့မရဘူး

My Precious DoctorWhere stories live. Discover now