Ep 2
Baek:Soo..ရေ..Soo...
Suho:baekkieတို့ပါလား..ဘာကိစ္စတုန်း...
Baek:ဟိုလေ...Arjima..Sooရှိလား..
Suho:ဘယ်ရှိမလဲအေ...သူ့ရဲ့အချစ်တော်ကြီးအတွက်အလုပ်ရှာတယ်...အချိန်ပိုင်းအလုပ်တွေလုပ်နေတယ်လေ...ကိုယ့်ကိုကိုယ်တောင်လူမွေးသူမွှေးပြောင်အောင်မနေနိုင်တဲ့သူကသူများအတွက်ထောက်ပံနေရတယ်လို့အေ..ငါလေနင်တို့သူငယ်ချင်းကိုအံသြတယ်....
Baek:ဒါကတော့arjimaရယ်..သူတို့ကငယ်သူငယ်ချင်းတွေဆိုတော့သံယောဇဉ်ကြီးတာကို...Baekလည်းမပြောတတ်တော့ပါဘူး...
Soo:ဟေ့ ..Baekနင်ရောက်နေတာလား...ဘာကိတ်လဲပြောပါဦး...
Baek:Soo...ငါတို့နားကမိဘမဲ့ကလေးကျောင်းကိုဒီညExo အဖွဲ့လာဖျော်ဖြေမှာဟ...သွားကြည့်ရအောင်လေ...
Soo:ဒါများ..သွားရမှာပေါ့ဟ..ဒါနဲ့ငါနင်တို့ကိုကြွားစရာရှိသေးတယ်ဟ..
Sooတစ်ယောက်သူမကိုယ်သူမဝင့်ကြွားတဲ့ပုံစံလေးလုပ်ကာပြောလိုက်သည်...
Baek:ပြောပါဦး...ဘာတွေများကြွားမလို့လဲ...
Soo:ငါအဲ့ဒီမိဘမဲ့ကျောင်းမှာအလုပ်ရခဲ့တယ်ဟ...
Sooရဲ့စကားကြောင့်Baekမျက်နှာတစ်ချက်ပျက်သွားသည်...
သူများတွေနေရာမှာသာဆိုအလုပ်ရတယ်ပြောရင်Baekပျော်မိမှာပါ..
ဒီနေရာမှာအလုပ်ရတဲ့သူကSooဆိုတော့..
Baekမနာလိုလို့မဟုတ်ပါဘူး..
သူမသူငယ်ချင်းလေးအတွက်စိတ်မကောင်းဖြစ်နေတာ..
Arjima Suhoကငွေတိုးပေးစားတယ်လေ..
အဲ့ဒီကရတဲ့ငွေလေးနဲ့ဆိုသူမတို့အတွက်မပူရပါဘူး...
ဒီလိုအလုပ်တွေလည်းလုပ်စရာမလိုဘူး..
သူမအတွက်အရာရာအဆင်ပြေပြီးသားလေ..
ဒါပေမယ့်လည်းKaiဆိုတဲ့သူကိုချစ်တဲ့Sooဟာလေသူမအတွက်တောင်မကြည့်ပဲပိုက်ဆံသာရမယ်ဆိုအကုန်ရရာအလုပ်လုပ်နေတာ..