♡1♡

32.7K 1.4K 40
                                    

[Zawgyi]

ကင်ထယ်ယောင်း........သူ့ကို မုန်းတယ်.......
သူ့အမေကိုလည်း မုန်းတယ်.......
ပိုင်းလုံးသားအမိတွေ...........

'' ဟေ့ကောင်..! ဂျွန်​ဂျောင်ကု..! စကားအပြောအဆို
ဆင်ခြင်စမ်း....! ''

''​အမှန်တရားပြောလို့ သူတို့ သားအမိဘက်က
နာနေတာလား appa...? ''

'' မင်းကို စကားအပြောအဆို ဆင်ခြင်လို့ ပြောနေတယ်နော်....! မဟုတ်ရင် ငါ လက်ပါမိမယ်...!''

JK ဘာမှ ပြန်ပြောမနေတော့ဘဲ အပေါ်ထပ်တက်သွားပြီး အခန်းတံခါး
ဆောင့်ပိတ်၍ အခန်းထဲ ဝင်သွားတော့သည်

'' ကိုရယ်......ကလေးကို အဲ့လောက် မအော်ပါနဲ့လား''

''​အဲ့ကောင်က အဲ့လို အော်တာတောင် ဖြုံတာ မဟုတ်ဘူး!... ''

''​မအော်ဘဲနဲ့ သူနားဝင်အောင် အေးဆေး ပြောလည်း ဖြစ်ပါတယ် ကိုရယ်.......သူ့အမေနေရာမှာ
အစားထိုးမပေးနိုင်တာ လက်ခံပါတယ်
ကိုရယ်.... ကလေးကို ဘာမှ သွားမပြောပါနဲ့နော်.... ''

''​ကဲ ကဲ.... သွားကြရအောင်.... ရုပ်ရှင်
လက်မှတ်ကုန်သွားဦးမယ်..... ''

ထယ်ယောင်းလေးကို ချီကာ အိမ်ထဲမှ ထွက်သွားကြသည် ဂျောင်ကုလေးကိုတော့ အထီးကျန်ဆန်လွန်းလှတဲ့ အိမ်ထဲ တစ်ယောက်ထဲ ချန်ထားခဲ့သည်

ကင်ထယ်ယောင်းဆိုတဲ့ ကလေးက 6နှစ် အရွယ်လေးပဲ ရှိသေးတာ စကားလည်း မပီကလာ ပီကလာ
တအားပြောသည်

ဂျောင်ကုကတော့ 15နှစ်အရွယ် လူပျိုပေါက်စ

သူ့အမေက လွန်ခဲ့တဲ့ 1နှစ်လောက်ကမှ
နှလုံးရောဂါနဲ့ ဆုံးသွားတာ

သူ့အမေ ဆုံးတာ 1နှစ်တောင်မပြည့်သေးတဲ့
အချိန်မှာပဲ သူ့အဖေက နောက်မိန်းမယူလိုက်တယ်

သူ့အဖေနောက်မိန်းမကတော့ ထယ်ယောင်းလေးရဲ့
အမေပဲ

ဂျောင်ကုအဖေဟာ အရမ်းချမ်းသားသူမို့
မိထွေးဖြစ်တဲ့ ထယ်ယောင်းအမေက သူ့အမြင်မှာတော့ ပိုင်းလုံးပင်......

ထယ်ယောင်းကလည်း သူနဲ့ရော သူ့အဖေနဲ့ရော
သွေးတစ်စက်မှ မရောနှောပေ
ပြောရမယ်ဆိုရင်တော့ မယားပါ သားပေါ့

Jeon's Baby ||KV|| {Completed} Where stories live. Discover now