♡12♡

10.7K 1K 42
                                    

[Zawgyi]

''​ထယ်...''

Canteenတွင် ဂျောင်ဟိုဆော့က
မုန့်စားရင်း ဖုန်းသုံးနေပြီး ထယ်ကတော့
စာလုပ်နေချိန် ထယ့်ဘေးနား လာဝင်ထိုင်ကာ
ထယ်ယောင်းကို ခေါ်လိုက်သော ဂျီမင်း

''ဟင်...''

''​ဟို... ညကျရင် ကိုယ့်အမ မွေ့နေ့partyပွဲရှိတယ်
အဲ့ဒါ ထယ်ရော ဟိုဆော့ရော လာခဲ့ပါလား''

''​မင်းအမ မွေးနေ့?..မင်းမှာ အမရှိတာကိုလည်း ငါတို့ကို တစ်ခါမှလည်း မပြောဖူးဘူး လျှိုထားတယ်ပေါ့ ဒါနဲ့ မင်းအမက ချောလားကွ''

ဖြတ်ပြောသော ဟိုဆော့

''​မဟုတ်ပါဘူးကွာ အရင်တုန်းက မင်းတို့မှ ငါ့မှာ အမရှိလား ဘာညာမေးဖူးလို့လား အခုတောင် မွေးနေ့မို့လို့ ဖိတ်ရင်းကနေ ငါ့မှာ အမရှိတာ မင်းတို့ သိတာမလား ချောလားဆိုတော့ ချောတာပေါ့ကွာ ဒါပေမဲ့ စိတ်တော့ မကောင်းဘူးကွာ ငါ့အမက ဒီညလုပ်မယ့်မွေးနေ့partyမှာ သူ့ချစ်သူကောင်လေးနဲ့ ငါတို့တစ်အိမ်လုံးကို မိတ်ဆက်ပေးမယ်တဲ့''

''​ချစ်သူရှိနေတယ်ပေါ့ နှမြောစရာကြီး ချောတယ်ဆိုတော့ မြင်ဖူးချင်လို့ လာချင်ပေမယ့် ဆိုးတာက ဒီနေ့ညကျရင် ငါ့အဖေက အလုပ်ကိစ္စနဲ့ နယ်ဘက်သွားမှာကွ အိမ်မှာက ငါ တစ်ယောက်ထဲဆိုတော့လာဖြစ်လောက်မယ်မထင်ဘူးကွ''

''​ဒါဆို ထယ်တော့ လာမယ်မလားဟင်''

''​ဟို အဲ့ဒါက ဖေဖေကြီးကို ပြောလို့ရရင် လာခဲ့မယ်လေ''

''​အာ့ဆို ကိုယ် လာခေါ်မယ် ကိုယ့်အမ မွေးနေ့partyက ကိုယ်တို့ အိမ်မှာပဲ လုပ်မှာ တစ်ခြားသူတွေအများကြီးဖိတ်ထားတာဆိုတော့ ထယ်တစ်ယောက်ထဲလာရင် ယောင်ချာချာ ဖြစ်နေမှာစိုးလို့ ကိုယ်ကားနဲ့ ထယ်တို့အိမ် လာခေါ်မယ်နော်''

''​ဟုတ် ထယ်လည်း ထယ့်အဖေကို ဖုန်းဆက်ပြီး
ပြောထားလိုက်မယ် သူငယ်ချင်းအမ မွေးနေ့သွားချင်တယ်လို့လေ ထယ့်အဖေက ညမိုးချုပ်မှ companyက ပြန်လာတတ်တာမို့ ဖုန်းဆက်ပြီး
ခွင့်တောင်းလိုက်မယ်''

''​အာ့ဆို ည7နာရီလောက် လာခေါ်မယ်နော်''

''​ဟုတ်''

Jeon's Baby ||KV|| {Completed} Where stories live. Discover now