♡5♡

10.7K 1.1K 38
                                    

Zawgyi

ဒီနေ့ဟာ တက္ကသိုလ် စတက်တဲ့နေ့

Seoul  Universityမှာပဲ
တက်မှာ

ဟီး အရမ်းပျော်တယ်

တက္ကသိုလ်ပထမနှစ် ပထမရက်မို့လို့ ရင်တွေ တအားခုန်နေတယ်

*
အတန်းပြီးတော့ အတန်းပြင်ထွက်သွားတော့
နောက်ကျောဘက်က အသံတစ်ခု

''​အာညော်.....''

''​ အာ... အာညော်..! ''

''​မင်းနာမည်က ဘယ်လိုခေါ်လဲ ငါ့နာမည်က
ဂျောင်ဟိုဆော့..! ''

''​ကင်ထယ်ယောင်းပါ... ''

''​ငါတို့ အတန်းလည်း တူတူတက်ရတာမို့
သူငယ်ချင်း လုပ်ရအောင်.. ''

''​လုပ်ကြတာပေါ့... ''

''​ငါ့ကို ရင်းရင်းနှီးနှီး ဟိုဆော့လို့ပဲ ခေါ်ကွာ..ငါလည်း မင်းကို ထယ်ယောင်းလို့ပဲ ခေါ်မယ် ရလား..?''

''​ဟင်...! အော် အွန်း ရပါတယ်.. ''

''​လာကွာ ငါ ဗိုက်ဆာနေပြီ တစ်ခုခု သွားစားကြရအောင်... စားစရိတ်ကိုတော့ မင်းရှင်းပေါ့ကွာ... ''

ဟုဆိုကာ ထယ်ယောင်း ပုခုံးကို ဖက်ပြီး
ခေါ်သွားသည်

ထယ်ယောင်းကတော့ ကြောင်တောင်တောင်ဖြင့်
ပါသွားသည်

*
ဒီလိုနဲ့ တက္ကသိုလ်ပထမနှစ်စတက်တာ
2လပြည့်ပြီ

ဟိုကောင် ဟိုဆော့နဲ့လည်း တော်တော်လေးရင်းနှီးနေပြီလေ

သူ့အကြောင်းလည်း အကုန်သိ
ကိုယ့်အကြောင်းလည်း သူအကုန်သိသွားပြီ

Jeon Jungkookဆိုတဲ့ အကိုချောလေး
တစ်ယောက် ရှိတာရော

ပြီးတော့ ကိုကို့ကို ချစ်မိနေတာရော ဟိုကောင်
ဂျောင်ဟိုဆော့ အကုန်သိနေပြီ

ကိုကို့အကြောင်း နေ့တိုင်း သူ့ကို ပြောပြမိသည်
ဖုန်းထဲက ကိုကို့ဓာတ်ပုံကိုလည်း ပြထားသည်မို့
သူ ကိုကို့မျက်နှာကအစ ရင်းနှီးနေပြီလေ

ကိုကိုက တက္ကသိုလ်က တစ်ခါမှမလာဖူးပေမဲ့ပေါ့

ကိုကိုက တက္ကသိုလ်လည်း ပြီး ဘွဲ့လည်းရပြီးပြီမို့
ဖေဖေကြီးcompanyမှာ CEOရာထူးဖြင့်
အလုပ်လုပ်နေပြီ ဖြစ်သည်

Jeon's Baby ||KV|| {Completed} Where stories live. Discover now