Zawgyi
"ဟိတ် ဟိုပေတူးလေး..."
အိပ်ရာကနိုးနိုးချင်ပင် အိပ်ရာပေါ်မှာ
အိပ်မှုန်စုတ်ဖွားဖြင့် ထိုင်ငိုက်နေသော ကျနော်ခုနကအသံကြားရာလှမ်းကြည့်တော့ တံခါးဝမှာ
မတ်တပ်ရပ် လက်ပိုက်ကာ ပြုံးစိစိကြည့်နေတဲ့
ကိုကိုယုန်စုတ်...."ဘယ်က ပေတူးလေးလဲ"
"ကုတင်ပေါ်မှာ ထိုင်နေတဲ့ ကျားပေါက်စကိုပြောတာ"
လို့ပြောလိုက်တော့ အိပ်ချင်မူးတူး ရုပ်ဖြင့်
သူ့ဘေးသူ ဘယ်ညာလှည့်ကြည့်လေရဲ့"ရှာမနေနဲ့လေ ဒီအခန်းထဲမှာ ရှိတာဆိုလို ကလေးရယ် ကိုယ်ရယ် 2ယောက်ထဲ ရှိတဲ့ဟာ"
"ထယ်ယောင်းကို ပြောတာလားဟင်"
မျက်လုံးလေး ပွတ်ကာ ပြောလာသော ထယ်ယောင်းကြောင့် ဂျောင်ကု သဘောတကျ ရီကာပင် ထယ်ယောင်းကုတင်နား လမ်းလျှောက်လာပြီး ထယ်ယောင်းဘေးနား ဝင်ထိုင်လိုက်သည်
"ကလေးကို မပြောလို့ ကိုယ်က ဘယ်သူ့ကို ပြောရမှာလဲ ကလေးရဲ့ ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ ကိုကို့ကလေးက"
အိပ်မှုန်စုတ်ဖွားဖြစ်နေသော ထယ်ယောင်းမှာ ချစ်စရာကောင်းလွန်းနေသောကြောင့် ဂျောင်ကု တစ်ယောက် မနေနိုင်စွာ ထယ်ယောင်းပါးမို့မို့လေးအား နှာခေါင်းတစ်ခုလုံး နစ်ဝင်သွားသည်အထိ နမ်းလိုက်လေသည်
ထယ်ယောင်းကတော့ အရှက်သည်းစွာပင် ခေါင်းငုံ့နေလေရဲ့
ထိုစဉ် ထယ်ယောင်းတစ်ယောက် အတွေးတို့က နယ်ချဲ့မိပြန်သည်
နောက်2ပတ်ဆိုရင် ဖေဖေကြီး ပြန်လာတော့မယ်
ကိုကိုကလည်း ဖွင့်ပြောမယ်တဲ့ ဖြစ်လာမယ့်ပြသာနာတွေ ရင်မဆိုင်ရဲဘူးကိစ္စတွေ အားလုံး သိသွားတဲ့အခါ ဖေဖေကြီး
မူးများလဲလေမလား နှလုံး လျှော့ဖြစ်ပြီး
တစ်ခုခုများ ဖြစ်သွားမလား...ဂျောင်ကု ထယ်ယောင်း မေးဖျားလေးအသာ ဆွဲမော့ကာ ဘာဆိုးဆေးမှ မခြယ်လှယ်ထားတဲ့ပန်းနုရောင် နှုတ်ခမ်းပါးတို့အား ထိကပ်လိုက်သည်
YOU ARE READING
Jeon's Baby ||KV|| {Completed}
Fiksi PenggemarBoth Zawgyi and Unicode are available