[Zawgyi]
"omma ဆုံးသွားတာ ဒီနေ့နဲ့ဆို 11နှစ်ရှိပြီနော်
လွမ်းတယ် omma.......သား appaနဲ့လည်း အရင်လို အတိုက်အခံ မလုပ်ဖြစ်တော့ပါဘူး...........
သား ရင့်ကျက်လာပြီလို့ပဲ ပြောရမလား
နောက်နှစ်ဆိုရင် appa companyမှာ
ဝင်လုပ်ရတော့မယ်လေ သား အရွယ်ရောက်နေပြီ
omma.......သား စိတ်ကောင်းပဲ ထားဖြစ်ပါတယ်
အထူးသဖြင့် ဟို သားအမိကိုပေါ့ကင်ထယ်ယောင်းရဲ့အမေကလည်း ဆုံးသွားတာ
1နှစ်ခွဲ ပြည့်တော့မယ်ထင်တယ်သား ကိုယ်ချင်းစာမိလို့လား မသိဘူး
အဲ့တစ်ယောက်ကို သနားမိသလိုလိုပဲ.........သူ့အမေဆုံးသွားတုန်းကဆိုရင် အခန်းထဲကနေ
အပြင်မထွက်ဘဲ အခန်းရဲ့ ဂျောင်ထဲမှာပဲ ငိုနေတဲ့ သူ့ပုံက ကျနော့်မျက်လုံးထဲက အခုထက်ထိ မထွက်သေးဘူး..........ဘာပဲဖြစ်ဖြစ် omma ကောင်းကင်ပေါ်ကနေ သားကို အမြဲတမ်းကြည့်နေတယ်ဆိုတဲ့ အသိနဲ့ သား လိမ္မာအောင်နေနေပါတယ် သား စာလည်းကြိုးစားတယ် ကောင်းကင်ပေါ်ကနေ omma
သားအတွက် ဂုဏ်ယူရအောင်လို့လေ.........ကင်ထယ်ယောင်းဆိုတဲ့ တစ်ယောက်ကိုလည်း
မိထွေးရဲ့သား ဆိုပြီး ဆက်ဆံရအောင်
သား အဲ့လောက်ထိမှ အသည်းမမာတာသား အတတ်နိုင်ဆုံး ပြေပြေလည်လည် နေပါတယ်
အရောမဝင်တာ တစ်ခုပဲ"စားပွဲပေါ် တင်ထားတဲ့ သူ့အမေရယ် သူရယ် သူ့အဖေရယ် အတူ ရိုက်ထားတဲ့ မိသားစုဓာတ်ပုံလေးကို ကြည့်ပြီး ခြောက်ကပ်ကပ်ရယ်ကာ တစ်ယောက်ထဲ စကားတွေ ပြောနေခဲ့ပါတယ်
*ဒေါက် ဒေါက် ဒေါက်*
တံခါးခေါက်သံကြားလို့ သွားဖွင့်ပေးတော့
''appa....! ''
'' အေး သား appa သားကို ပြောစရာရှိလို့..... ''
''အာ.....ဝင်လာလေ appa... ''
2ယောက်စလုံး ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး
''ငါ့သားတောင် ဘွဲ့ရတော့မယ်.....! ''
''ဟုတ် appa.... ''
'' နောက်နှစ်ဆိုရင် appa companyမှာ
သား အလုပ်တွေနဲ့ ရှုပ်နေတော့မယ်......
appaလည်း အလုပ်တွေလုပ်ရတာ အရမ်းပင်ပန်းနေပြီ နောက်နှစ်ကျရင် သား companyကို
ဦးစီးနိုင်တော့မယ်ဆိုတဲ့ အသိနဲ့ အားခဲထားရတာ''