♡19♡

8.7K 879 41
                                    

[Zawgyi]

ညက တော်တော် ပင်ပန်းသွားသည် ထင်သည်
ညနေ 3နာရီလောက်ထိ အိပ်နေလိုက်တာများ

အိပ်နေတာ ကြည့်စမ်းပါဦး နှုတ်ခမ်းလေးဆူလို့
ချစ်ဖို့ကောင်းလိုက်တာဗျာ

အသည်းယားစွာ မျက်နှာတစ်ခုလုံး တစ်ဖွဖွ လိုက်နမ်းတော့ တအင်းအင်းနဲ့ ရင်ခွင်ထဲက အကောင်ပေါက် လှုပ်လာသည်

" ယောင်းငယ် မထသေးဘူးလား"

"အင်း~~"

သံရှည်ဆွဲပြီး ပြန်ဖြေသော ကလေးငယ်....

"နေရောကောင်းရဲ့လား ဘေဘီ"

နဖူးကို လက်နဲ့ စမ်းကြည့်တော့  နွေးနေသည်

"နေမကောင်းဖြစ်ချင်နေပြီနဲ့ တူတယ် ဘေဘီ ထတော့ ညနေစောင်းသွားရင် ပိုဆိုးလိမ့်မယ် ဗိုက်ရော မဆာဘူးလား ညနေထိ အိပ်နေတာ"

"​အင်း ဆာတယ်"

"​အာ့ဆို ထ ရေနွေးလေးနဲ့ ရေချိုးပြီး အစာစားပြီးတာနဲ့ ဆေးကြိုသောက်ရမယ် မဖျားခင်"

ဆွဲထူကာ လှဲနေရာမှ အိပ်ရာပေါ်ထိုင်စေပြီး ပြောသည်

"ချီ ကိုကို ထယ်ယောင်း ထလို့မရဘူး နာနေလို့"

"​ချီရမှာပေါ့ဗျာ ကိုကိုဆိုးထားမိတာကိုး ကဲ လာ"

ထယ်ယောင်းကို သေချာ ရေနွေးလေးနဲ့ သေချာသန့်စင်ပြီးနောက် ထမင်းတော့ မကျွေးဖြစ်

အိပ်ခန်းထဲမှာပင်
ဆန်ပြုတ်လေး တိုက်ပြီးနောက် ဆေးတိုက်ရသည်

"ဆေးတွေက အရမ်းခါးတာပဲ ဟင့်"

"ဆေးသောက်ပြီးပြီဆိုတော့ ကောင်းသွားမှာပါ ကလေးရယ် ဆေးကြိုသောက်လိုက်တော့ ကလေး မဖျားတော့ဘူးပေါ့ ကိုယ့်ကလေးက ကိုယ့်စကားဆို အရမ်းနားထောင်တာပဲ အာ့ကြောင့် ချစ်နေရတာ"

ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်လိုက်တော့

"ဟီး"

ပြန်ပွေ့ဖက်လာသော သွယ်သွယ်လျလျလက်လေးတွေ

"ကိုကို ဒီနေ့ အလုပ်မသွားဘူးလားဟင်"

"​မသွားဘူး ကိုယ် ခွင့်ယူထားတယ်"

"​ထယ်ယောင်းလည်း ဒီနေ့ uniမသွားလို့ စာတွေတော့ အကုန်ပြန်ကူးရတော့မယ် ဟီး"

Jeon's Baby ||KV|| {Completed} Where stories live. Discover now