♡2♡

12.2K 1.1K 37
                                    

Zawgyi

ထယ်ယောင်း အသက်16နှစ်လောက်အရွယ်မှာ
သူ့အမေ ဦးနှောက်ကင်ဆာနောက်ဆုံးအဆင့်နဲ့ ဆုံးသွားလေပြီ

******

ဈာပနအခမ်းအနားက ပြန်လာပြီး ဧည့်ခန်းမှာ မောလို့ ခဏထိုင်နေသော ဂျောင်ကု

အိမ်ပေါက်ဝမှာ ငူငူကြီးရပ်နေပါသော ထယ်ယောင်းကိုတွေ့တော့

hk!.... အခု မင်းခံစားနေရတာ ကြည့်ပြီး
ငါ့ရင်ထဲ ပျော်သလိုလိုရှိသား
ခံစားတတ်ပြီမလား? အမေမရှိတော့တဲ့ ခံစားချက်မျိုး

မတတ်သာလို့ appaက အတင်းလိုက်ရမယ်ဆိုလို့သာ အသုဘအခမ်းအနားကို လိုက်သွားရတာ
သိပ်လိုက်ချင်တာ မဟုတ်ဘူး ဘာမှ သွေးမတော်သားမစပ်တဲ့သူရဲ့ အသုဘမို့လို့လေ
ဒီကြားထဲ သွေးမတော်သားမစပ် အဲ့ဒီ့ကောင်ကို
အိမ်ကို တစ်ခါတည်းကားနဲ့ ပြန်ခေါ်လာရသေးတယ် မမြင်ချင်မှ အဆုံးပါဆိုနေ appaက ဟိုမှာ လုပ်စရာရှိတာတွေ
လုပ်ရဦးမှာ မို့လို့သာ ခေါ်လာရတာ စိတ်ပျက်ဖို့ကောင်းတယ် တကယ်

လွန်ခဲ့တဲ့​9နှစ်လုံးလုံး ငါ ဘယ်လိုနေခဲ့ရလဲဆိုတာ
မင်း အခုကစပြီး ခံစားဖူးတော့မယ်

မဲ့ပြုံးတစ်ခု မျက်နှာမှာ ဆင်ကာ အိမ်ပေါက်ဝမှာ
မျက်ရည် စက်လက်နဲ့ ငူငူကြီး ရပ်နေတဲ့ သူ့ကို စိုက်ကြည့်နေမိသည်

ခဏကြာတော့ အပေါ်ထပ်တက်ပြီး ကိုယ့်အခန်းကို
ဝင်လာလိုက်တယ်

(JKအသက် 25နှစ်...တက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းလည်း တက်ရင်း သူ့အဖေcompany
အကြောင်းလည်း သူ့အဖေက သင်ပေးသည်မို့
လေ့လာနေသည်)

ထယ်ယောင်းမှာ တစ်ကောင်ကြွက်နီးပါးဖြစ်သွားသည်။ သူ့အမေအရင်းဆုံးသွားတော့ သူ့မှာ သွေးသားရင်းချား တစ်ယောက်မှ မရှိတော့ အခုလက်ရှိ
သူ့ပထွေးဖစ်တဲ့ JKအဖေကိုသာ အားကိုးပြီး
ချစ်နေရသည် JKအဖေကလည်း သူ့ကို
အငယ်လေးမို့.........ချစ်ပါသည်............

သို့သော် JKအဖေမှာ နေ့တိုင်းcompanyနဲ့
လုံးပန်းနေရသောကြောင့် ထယ်ယောင်းအမေ
ဆုံးသွားပြီးကထဲက ထယ်ယောင်းအတွက်
သိပ်အချိန်မပေးနိုင် ထယ်ယောင်းဘာလိုချင်လဲ
လိုချင်တာ ပြောရင် ဝယ်ပေး စားချင်တာရှိတာ
စားဖို့ မုန့်ဖိုးကို လိုအပ်သည်ထက်ပိုပေး ထားသည်..............

Jeon's Baby ||KV|| {Completed} Where stories live. Discover now