♡22♡

8.4K 873 42
                                    

နေအလင်းရောင် အခန်းထဲ ဖောက်ဝင်လာသည်ထိမနက်မိုးလင်းသွားပြီ

Jiminတစ်ယောက် ထယ့်ကို လိုက်ပို့ပြီး အိမ်ပြန်ရောက်တာနဲ့ ဧည့်ခန်းထဲမှာ ထိုင်ကာ
စဉ်းစားခန်း ဖွင့်နေမိသည်မှာ မိုးလင်းသည်အထိပင်

ဒီကိစ္စကို noonaကို ဖုန်းဆက်ပြီး ပြောမှ ရမည်

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းလေးအား ထုတ်ပြီး
noonaဆီကို ဖုန်းဆက်လိုက်သည်

"ဟဲလို ငါ့မောင် ပြော ဘာကိစ္စ"

"noona မနေ့ညကကိစ္စ noonaဘယ်လိုလုပ်လိုက်တာလဲ noona..."

ခပ်ခြောက်ခြောက်ရီသံရဲ့နောက်မှာတော့

"အဲ့ဒါလား ငါ့မောင် မင်း ငါ့ကို ကျေးဇူးတင်ရမှာလေ အဲ့လိုလုပ်လိုက်လို့ Jeonက ထယ်ယောင်းဆိုတဲ့ကောင်လေးကို စိတ်ပျက်ပြီး လမ်းခွဲလိုက်တဲ့အခါ ထယ်ယောင်းဆိုတဲ့ကောင်လေးက မင်းဆီ လာချင်လာ-"

"​ပတ်ဂျီအွန်း!! ခင်ဗျား လူစိတ်မရှိဘူးလား!!"

"တောက်စ် Jimin မင်း အမကို ဘယ်လိုခေါ်လိုက်တာလဲ!! ငါ မင်းအမနော်... "

"​ခင်ဗျားလုပ်ရပ်တွေက ဟုတ်လို့လား ခင်ဗျားကြောင့် ထယ် ကျုပ်ကို မုန်းသွားမှာရော ခင်ဗျား ထည့်မတွေးခဲ့ဘူးလား"

"​မင်း အဲ့လောက်ထိ အဲ့ကောင်လေးကို ချစ်နေရလား သတိထားစမ်း ငါ့မောင် သူက ယောကျာ်းလေးဆိုတာလည်း မင်း သတိထားဦး"

" ကျုပ်က ထယ်ရဲ့ ဖြစ်တည်မှုကို ချစ်နေတာ
ခင်ဗျားမသိဘူးလား ခင်ဗျား ထယ့်ကို ပြန်တောင်းပန်ပါ"

"​ဘာ!! "

"​ခင်ဗျား ထယ့်ကို ပြန်မတောင်းပန်မချင်း ခင်ဗျားဟာ ကျုပ်အမ မဟုတ်ဘူး"

တိခနဲ ပြတ်တောက်သွားသော ဖုန်း....

မင်းအမ ငါက မင်းကို ကောင်းစေချင်လို့ မင်းအတွက် မကြည့်ရက်လို့ ဒီလိုတွေလုပ်ခဲ့တယ်ဆိုတာ မင်းသိသင့်တယ်.....

အဲ့ကောင်လေးကို ပြန်မတောင်းပန်မချင်း ငါက မင်းအမ မဟုတ်ဘူးတဲ့လား မင်း မိုက်ရူးရဲတအားဆန်တာပဲ ငါ့မောင်ရယ်....

သူမ သူမမောင်အတွက် တွေဝေနေတော့သည်....
.
.
.
.
.
.
.
.

ကျနော့်ကိုကို အိမ်ပြန်မလာတာ ဒီနေ့နဲ့ဆို 3ရက်ရှိပြီ

Jeon's Baby ||KV|| {Completed} Where stories live. Discover now