♡16♡

10.4K 975 36
                                    

{Zawgyi}

ဒီနေ့က ထယ်ယောင်းနဲ့ ထယ်ယောင်းအချစ်ဆုံးကိုကိုနဲ့ first dateလေး

ကိုကိုက အလုပ်ရှိရဲ့​ ကြားထဲကနေ အလုပ်ကိုဖျက်ပြီး dateရအောင်တဲ့လေ....

အဖြူရောင်pajamaအင်္ကျီ လက်ရှည်လေးနဲ့ ဂျင်းဘောင်းဘီနက်ပြာရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားသော ထယ်ယောင်းငယ်

*ဒေါက် ဒေါက် ဒေါက်*

''​ဝင်လာခဲ့လေ ကိုကို''

ဒီနေ့ ဖေဖေကြီးက အလုပ်သွားတယ်လေ
ကိုကိုကသာ အလုပ်ခွင့်ယူထားသည်မို့ အိမ်မှာ
ရှိသည်က ထယ်ယောင်းနဲ့ ကိုကိုသာ....

ဒီချိန် အိမ်အကူအဒေါ်ကြီးက
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေမှာလေ
အာ့ကြောင့်မို့ တံခါးလာခေါက်ကထဲက ကိုကိုမှန်းသိပြီးသား

*ဂျလောက်*

တံခါးဖွင့်ပြီး ဝင်လာသော ကိုကို....
သူ့နားလျှောက်လာပြီး သူ့ကို အမြတ်တနိုး ပွေ့ဖက်သည်

''​ချစ်ဖို့ကောင်းနေပါလား ကိုယ့်ကလေးက ဒီပုံတိုင်းဆို ကိုယ်dateချင်စိတ် မရှိတော့ဘူး ''

ထိုစကားအကြား မော့ကြည့်လာသော မျက်နှာလေး

''​ဘာလို့လဲဟင်''

''​ကိုကို့ကလေးလေးက ချစ်ဖို့ကောင်းနေတော့ အပြင်လျှောက်လည်ရင် တစ်ခြားသူတွေ ဝိုင်းကြည့်မှာ ကိုယ် မကြိုက်ဘူး''

''​ကိုကိုကလည်း ချစ်သူနဲ့ ပထမဆုံး dateမယ့်ဟာကို လှလှပပလေး dateချင်တာပေါ့လို့ နော်''

''......... ''

''​နော်လို့ ကိုကို အာဘွားပေးမယ်လေ... နော်''

ပြွတ်စ်...

ဆူပုတ်နေတဲ့ ဂျောင်ကုနှုတ်ခမ်းကို လှမ်းနမ်းလိုက်တော့ ဆူပုတ်နေတဲ့မျက်နှာကနေ ချက်ချင်း
ပြုံးသွားလေရဲ့ ဒီလောက် မျက်နှာငယ်လေးနဲ့ အနမ်းတွေ ပေးပြီးချော့နေတော့ ဂျွန်ဂျောင်ကုဆိုတဲ့ ဒီကောင်က ခံနိုင်ပါ့မလား...

''​ကိုကို... နော် ဒါလေးပဲ ဝတ်ချင်လို့ပါ နော်''

မျက်နှာငယ်လေးနဲ့ မော့ကြည့်ကာ ပြောလာတဲ့ သဲငယ်

Jeon's Baby ||KV|| {Completed} Where stories live. Discover now