♡3♡

10.8K 1.1K 24
                                    

[Zawgyi]

ဒီလိုနဲ့ စာမေးပွဲကြီး နီးလာပြီ ထယ်ယောင်းထိုင်မရထမရဖြစ်လေပြီ

ကျောင်းမှာ စာသင်ရင်လည်း အာရုံတွေက
ဟိုလွင့် ဒီလွင့် ဖြစ်ပြီး ဘာစာမှ နားမလည်ခဲ့

နားမလည်လို့ သူငယ်ချင်းတွေ ရှင်းပြခိုင်းမယ်
ဆိုရင်တောင် ရှင်းပြပေးမယ့် သူငယ်ချင်းမှ မရှိတာ

ဟော အခု စာမေးပွဲက ဖင်ထဲ ဝင်တော့မယ်
စာတစ်လုံးမှ နားမလည်
ထယ်ယောင်းတစ်ယောက် ဗျာများနေလေပြီ

ငါ သေချင်တာပဲ သိတော့တယ်
တကယ်ပဲ စိတ်ညစ်လိုက်တာ စာတွေက တအား
ခက်တာပဲ ရူးချင်တယ်......

သူ့အခန်းထဲက စာလုပ်စားပွဲမှာ စာအုပ်တွေ
ဟိုလှန် ဒီလှန်နဲ့ လုပ်နေသည်

နားမလည်ဘူး.....! ဘယ်သူ့ကို သွားမေးရမလဲ
ဖေဖေကြီးလား...? ဖေဖေကြီးက သူ့အလုပ်နဲ့သူ
ရှုပ်နေမှာ ဒီအချိန်......

နောက်တစ်ပတ်ဆို စာမေးပွဲ....

ငါတော့ ရူးချင်တယ် ကင်ထယ်ယောင်း
မင်း အဲ့ဒါ ဆရာမ စာသင်နေချိန် စာသေချာလိုက်မနားထောင်လို့ ဖြစ်တာ...... ကင်ထယ်ယောင်းရေ
မင်း သေဖို့ပဲ ကောင်းတယ်....

နာရီတစ်ချက် လှမ်းကြည့်လိုက်တော့ ည 10နာရီထိုးနေပြီ

ကိုကို့ကို သွားမေးရင်ကောင်းမလား...?
ဟုတ်တယ် ကိုကိုက စာတော်တော့ ငါနားမလည်တာတွေ သိရင် သိမှာ....

ဆိုပြီး ချက်ချင်း စာကြည့်စားပွဲကနေ ထပြီး
သချာင်္မေးဖို့ သချာင်္စာအုပ်ကြီး ပိုက်ပြီး
JKအခန်းသို့ သွားရာ အခန်းရှေ့တွင်

သွားမေးရင် ကိုကိုက ငါ့ကို ငယ်ငယ်တုန်းကလိုမျိုး
သူ့အခန်းထဲ မလာနဲ့ဆိုပြီး
မောင်းထုတ်လေ မလား....?
ဒါမှ မဟုတ် ကိုကို အိပ်နေလောက်ပြီလား...?

ဆိုပြီး အခန်းတံခါးလက်ကိုင်ကို ကိုင်ပြီး ပြောနေတုန်း အခန်းတံခါး ဖွင့်လိုက်ပါသော ကိုကို.........

ထယ်ယောင်း ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေတုန်း

ပြန်လှည့်ပြေးရင် ကောင်းမလား...?
ဒါမှမဟုတ် စာနားမလည်လို့ ရှင်းပြခိုင်းမလို့လို့
ပြောရင် ကောင်းမလား....?

Jeon's Baby ||KV|| {Completed} Where stories live. Discover now