♡10♡

10.8K 1K 131
                                    

Zawgyi

Uniက စာကြည့်တိုက်မှာ
ထယ်ယောင်း တစ်ယောက်....

စာအုပ်ကိုသာ စိုက်ကြည့်နေပေမဲ့ အတွေးတို့က
ဟိုလွင့် ဒီလွင့် ဖြစ်နေချိန်....

''​စာလုပ်နေတာလား... ''

Jiminက သူ့ရှေ့လာထိုင်ကာ ပြောလာသည်...
စာလုပ်နေတာ သိသိကြီးနဲ့ပင် စကားရှာပြောလိုက်ခြင်းဖြစ်သည်

''​အင်း... ''

''​ကိုယ်နဲ့အတူ တစ်ခုခု သွားစားမလား''

''​သြော် အင်း... ''

''​ဒါဆို အခု သွားမယ်လေ Tae... ''

'' သြော် အခုလား အာ့ဆိုလည်း သွားကြတာပေါ့
အာ ဒါနဲ့ ဟိုဆော့ကိုရော ခေါ်သွားမယ်လေ သူအတန်းထဲမှာ မလား သွားခေါ်ကြမယ်လေ... ''

''​ဟိုဆော့ကို လိုက်ခဲ့ဖို့ ခေါ်သေးတယ် သူက
မလိုက်ချင်ဘူးတဲ့''

''​ဟုတ်လား ထူးဆန်းလိုက်တာ အစားဆိုရင်
သူက ဘယ်သွားသွား လိုက်ပါတယ်... ''

Jiminက Taeကို ကြိုက်နေမှန်း ဟိုဆော့အစကထဲက ရိပ်မိသည်

ထို့ကြောင့် 2ယောက်ထဲ လွတ်လွတ်လပ်လပ်
သွားလို့ရအောင် သူ Jimin ခေါ်သည်ကို မလိုက်ခြင်းပင်....

Taehyungနဲ့ Jiminလည်း အပြင်မှာ
မုန့်သွားစားရင်း လျှောက်လည်ကာ
ဒီနေ့တော့ အတန်းချိန် တော်တော်များများ လွတ်သွား သည်

ရပါတယ်လေ ဟိုဆော့ဆီက ပြန်ကူးရင်
ရနေတာပဲ

Uniကိုသာ ပြန်သွားပြီး အတန်းချိန် တစ်ချိန်သာ
ရအောင် တက်လိုက်သည်

ထို့နောက် Uniကအပြန် 3ယောက်သား
စကားတပြောပြောနဲ့ Uniဝန်းထဲ လျှောက်လာလေသည်

''​ဟျောင့် ထယ်ယောင်း''

''​အေး ပြော''

''​ဒီည ငါတို့ clubသွားရအောင် လိုက်ခဲ့ပါလား Jiminလည်း လိုက်မှာ''

''​ဟာ မလိုက်ချင်ပါဘူးကွာ... ''

''​လိုက်ခဲ့ပါကွာ မင်း clubဆိုတာ ဘာမှန်းမသိသေးဘူးမလား ဒီည သိသွားအောင် လိုက်ခဲ့''

''​ည ထွက်လို့ ရပါ့မလားကွ''

''​ရအောင် ထွက်ခဲ့ကွာ မရရင် ခိုးထွက်လာခဲ့''

Jeon's Baby ||KV|| {Completed} Where stories live. Discover now