♡14♡

11.3K 1.1K 67
                                    

[Zawgyi]

''​အာ....ဒီကော်ဖီခွက်ကို သမီးပဲ သွားဆေးပေးပါ့မယ်''

''​သမီးရယ် ရပါတယ် ထားလိုက်ပါ ဒီနေ့ကျမှ အိမ်အကူအဒေါ်ကြီးကလည်း ခွင့်ယူသွားရတယ်လို့ ထားလိုက်ပါ ဂျောင်ကုကိုပဲ ပြီးရင် ရှင်းခိုင်းလိုက်ပါ့မယ်ကွယ်''

''​ရပါတယ် appaရဲ့ ဒီလောက်ကတော့ သမီး လုပ်ပေးချင်လို့ပါ နောက်ကျ ဂျွန်နဲ့ သမီးနဲ့ လက်ထပ်ပြီးတဲ့အခါကျရင်လည်း သမီးပဲ ဒီအိမ်ရဲ့ ဝေယျာဝေစ္စ အကုန်လုပ်ပေးရမယ့်ဟာ ဒီလောက်လေး လုပ်ပေးရတာကတော့ မပြောပလောက်ပါဘူး appaရယ်''

''​အားနာစရာကြီးကွယ် ဧည့်သည်ကို ကောင်းကောင်းလည်း ဧည့်မခံနိုင်တဲ့အပြင် အိမ်ရှင်လုပ်ရမယ့်ကိစ္စကို ဧည့်သည်ကပဲ လုပ်နေရတယ်''

''​မဟုတ်တာ appaရဲ့''

အမှန်တော့ ပတ်ဂျီအွန်းက ထယ်ယောင်းဆိုတဲ့ကောင်လေး ထွက်သွားတာနဲ့ ထိုင်နေရာကနေ ထထွက်သွားတဲ့ ဂျောင်ကုကို မသင်္ကာလို့ လိုက်ကြည့်ချင်၍ သောက်လို့တောင် မကုန်သေးတဲ့ ကော်ဖီခွက်ကို သွားဆေးပေးပါ့မယ်ဆိုပြီး သက်သက်မဲ့အကြောင်းရှာလိုက်တာ

မီးဖိုချောင်ခန်းထဲ ရောက်တော့ သူ လုံးဝ မယုံနိုင်လောက်အောင် ဖြစ်သွားသည်

သူ ထင်ထားတာတွေက အမှန်တွေလား

ကိုင်ထားတဲ့ ကော်ဖီခွက်တောင် ခွမ်းခနဲ ကျကွဲသွားသည်

ကော်ဖီခွက် ကျကွဲသံကြားမှ လှည့်ကြည့်လာသော
ဂျောင်ကုနဲ့ ထယ်ယောင်း 2ယောက်စလုံးကို
သူမ မယုံနိုင်စွာ ကြည့်ရင်း

''​ဂျွန်.... ''

''​noona... ''

JKတစ်ယောက်​ ပတ်ဂျီအွန်းကိုင်ထားတဲ့ ဖန်ခွက်ကျကွဲသွားလို့ စိတ်ပူစိတ်နဲ့ပတ်ဂျီအွန်းဆီ အပြေးသွားပြီး

''​noona...ဘာဖြစ်သွားသေးလဲ ရရဲ့လား ''

''​ဂျွန် ခုနက.... ''

''​ကျနော်နဲ့ အပြင် ခဏလောက် လိုက်ခဲ့ပါ noona ကျနော် noonaကို ပြောစရာရှိတယ်''

ပြောပြီးတာနဲ့ ဂျီအွန်းလက်ကို ဆွဲခေါ်သွားသော ဂျောင်ကုကိုမြင်တော့

Jeon's Baby ||KV|| {Completed} Where stories live. Discover now