Chapter (2)🔞

15K 641 27
                                    


သခင်
-----------

ရိပေါ် မှာတစ်အင့်အင့်ရှိုက်ရင်း တော်တော်နဲ့အိပ်မပျော်နိုင်..။ ဒီလိုဆန္ဒပြခြင်းက သူ့အတွက်အကျိုးမရှိမှန်း သိသည်..။ သို့ပေမဲ့..

"** Sob အင့်...**

ကုတင်အောက်မှာ စောင်နဲ့လုံးထွေးကာ အိပ်ပျော်နေသော ရှောင်းကျန့်မှာလဲ ငိုရှိုက်သံအနိမ့်အမြင့်ကြောင့် အိပ်လို့မရပဲရှိနေသည်..။ နောက်ဆုံးတော့ သက်ပြင်းဖွဖွချလိုက်ပြီး..

"ကျွန်တော် နှစ်သိမ့်ပေးဖို့လိုသေးလား? "

" ဘာလဲ မင်းကငါနဲ့ကုတင်ပေါ်မှာ အိပ်ချင်လို့လား? အကြောင်းပြချက်မရှာနဲ့.."

ငိုသံစွက်နေပေမယ့် လေသံကတော့မာတင်းလျက်..၊ ရှောင်းကျန့်မှာ ပြုံးမိမလိုတောင်ဖြစ်သွားတယ်..ဒီကောင်လေးက ဘာစိတ်ညစ်စရာများရှိလို့ ခုလိုဆိုးသွမ်းနေရတာလဲ..။

"အကြောင်းပြချက်မရှိပါဘူး..ကျွန်တော်ဖြည့်ဆည်းပေးနိုင်တဲ့အရာဆိုရင် ဘာပဲဖြစ်ဖြစ်သခင့်ကိုပေးနိုင်ပါတယ်.."

"ဒါဆို ငါ့ကိုဝမ်းမနည်းအောင်လုပ်ပေး..၊ ခုနက ငိုချင်ရက်နဲ့မျက်ရည်မကျဘူး ၊ ခုတော့ အဲ့ဒီငိုတာကြီးကိုမရပ်နိုင်တော့ဘူး..ငါပင်ပန်းလာပြီ.."

ရှောင်းကျန့်မှာ ကုတင်ပေါ်ကုန်းတတ်ပြီး ထိုကောင်လေးဘေးမှာ.ဝင်လှဲလိုက်တယ်..။ ကိုယ်က ရေချိုးထားပေမယ့် သူကတော့ ဝတ်လစ်စလစ်ဖြစ်နေမှာအမှန်ပဲ..၊ ကလေးတစ်ယောက်လို ရင်ခွင်ထဲထွေးပွေ့လိုက်တော့ တောင့်တောင့်လေးပါလာကာ..

"ဒါ..က..အငိုတိတ်အောင်လုပ်တာလား? အသားယူနေတာလား ရှောင်းကျန့်.."

"သခင့်ရဲ့အသွေးအသားတွေတောင် ယူပြီးသွားပြီပဲ ကျွန်တော်ရင်ခွင်ထဲက နိမ့်ကျတယ်လို့ထင်ရပေမယ့် ငိုချင်တဲ့သူအတွက်တော့ တန်ဖိုးမြင့်ပါတယ်..ဘာအတွက်လဲငိုလဲမသိပေမယ့် အားရပါးရငိုလိုက်ပါ.."

ရိပေါ်မှာ အင့် ခနဲတစ်ချက်ရှိုက်ရင်း..

"မင်းက ငါ့ကိုချော့ရမှာလေ..ဘယ်လိုဖြစ်ပြီးငိုခိုင်းနေတာလဲ? "

"မချော့တတ်ဘူး..ဝအောင်ငိုပြီးတော့ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပါလား? အဲ့ဒါကအကောင်းဆုံးနည်းလမ်းပဲ.."

သခင်...🔥[[ COMPLETED ]]✔Tahanan ng mga kuwento. Tumuklas ngayon