သခင်🔥
_______" မင်းတို့သခင်လေးရော..."
" လွင်ပြင်ဘက်မှာ သေနတ်ပစ်ကျင့်နေပါတယ်.."
"အခြေအနေတိုးတတ်မှု ရှိရဲ့လား? "
"ဒါက..ဟိုလေ..သခင်လေးထက် Light က ပိုပြီး တတ်မြောက်လွယ်ပါတယ်.."
"ဘာ..!! "
အသက်ငါးနှစ်အရွယ်မှာ Devil hell Club ကိုLight ရောက်လာခဲ့သည်..။ အရမ်းကိုငယ်ရွယ်လွန်းသောသူဆို သောမက်ကဝယ်လေ့မရှိ..၊ အနည်းဆုံး အသက် ၁၀ နှစ်လောက်ရှိသင့်တာဖြစ်ပေမယ့်..
ထိုကောင်လေးကို Ray ကြောင့်လက်ခံလိုက်ရခြင်းပင်..။ မိမိသားငယ်ရဲ့မွေးနေ့ပွဲနေ့မှာ ဖြူဖျော့နေသော လူတစ်ယောက်နှင့် ကလေးတစ်ယောက်က Club အတွင်းသို့ဝင်ရောက်လာခဲ့တယ်..။ သာမန်နေ့တွေဆို နှင်ထုတ်မိမှာဖြစ်ပေမယ့် ဒီနေ့က Ray မွေးနေ့ဖြစ်နေတာကြောင့် မည်သူမဆို အဝအပြဲစားသောက်နိုင်တဲ့ ထုံးစံနှင့်အညီ..လူတွေအားလုံးဟာ ကိုယ့်အာရုံနဲ့ကိုယ်..
"သူဌေး ဒီကလေးကိုရောင်းချင်လို့ပါ.."
ထိုလူကြီးစကားအဆုံးမှာ.. တည်တည်တင်းတင်းမျက်နှာနဲ့ ထိုကောင်လေးက သူ့ကိုစူးရဲစွာကြည့်လာပြီး..
"ပါးး...သား ဒီနေရာမှာ မနေခဲ့ချင်ဘူး.."
သို့သော်ဖခင်က ပြောချင်တာကိုသာ ဆက်ပြောသည်..။
" ဘယ်လောက်ပဲရရပါ..သူဌေး.."
" ဒီကလေးကို ငါမဝယ်နိုင်ဘူး ဒီနေ့ငါ့သားမွေးနေ့မို့ စားစရာနဲ့ ငွေတစ်ချို့ကိုပေးလိုက်မယ်..ပြီးရင်ထွက်သွားကြတော့.."
"သူဌေး..."
ထိုအချိန် ကလေးတစ်ယောက်ရဲ့ရွှင်မြူးစွာရယ်သံနှင့်အတူ..
"Dad သူ့ကိုလိုချင်တယ်..Ray ကိုမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးပါလား?"
အဖြစ်အပျက်တို့က ထိုမှစခဲ့သည်..၊နောက်ပိုင်းသိလိုက်ရတာက ဖခင်ဖြစ်သူမှာ ကျောက်ကပ်ရောဂါကြောင့်လောကကြီးက မကြာခင် ထွက်ခွာသွားရတော့မည့်ဖြစ်ကာ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို ရောင်းစားလိုက်ခြင်းက မချစ်လို့မဟုတ်ပဲ..သင်းကွဲတစ်ကောင်တည်း ဖြစ်နေမယ့် ထိုကောင်လေးဘဝအတွက် အသိုက်အမြုံတစ်ခုရှာဖွေခဲ့ခြင်းပင်..။

ŞİMDİ OKUDUĞUN
သခင်...🔥[[ COMPLETED ]]✔
Hayran Kurgu## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ်ပါရစေ..။ [[ Fan fic တစ်ခုမျှသာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်စေလိုခြင်းမရှိ]] #Ownstory #Sanaymoeswe