part (2)

22.8K 224 0
                                    

ကျနော်က အရုပ်လေးအလုပ်ကို အရင်လိုက်ပို့ပြီးမှ
ကျနော်အလုပ်ကို သွားဖြစ်တယ်။
အရုပ်လေးကို စိတ်ချရပေမဲ့......
အင်း တခြားသူတွေကို စိတ်မချဘူး။
သူက သိပ်အားနာတတ်တော့
အာ့တာတွေကြောင့်ဘဲ
ကျနော့်မှာစိတ်မချရဘူးဖြစ်နေတာ။
ဟိုတစ်လောကလည်း သူ့ကိုရည်းစားစကားလာပြောတဲ့ တစ်ယောက်ဆို အားနာပြီး စကားလက်ခံပြောနေ
တယ်လေ။ အာ့နေ့ကဆို ကျနော့်​သည်းခံနိုင်စွမ်းက
မိုင်းနက်(စ်)ပြကုန်ယော။ ရည်းစားစကားလာပြောတဲ့
သူ့ကိုလည်း ကျနော်ပစ်ပစ်ခါခါပြောပစ်ပြီး block
လိုက်တယ်။ အရုပ်လေးကိုလည်း ၁ပတ်မခေါ်မပြောဘဲ ထားလိုက်တယ်။ အာ့တစ်ပတ်လုံး ကျနော်လည်း
အပြစ်၅ခုလုံးစုံ​အောင် အပြစ်ပေးဖြစ်သည်။
အပြစ်(၅)ခု------
၁။ကြာပွတ်ဖြင့်အရိုက်ခံရဖြင်း။
၂။ကြိုးတုတ်ခံရပြီးကြိမ်ဒဏ်ပေးခြင်း။
၃။လက်အတွင်းဖယောင်းစက်ချခြင်း။
၎။ဒူးအောက်တွင်ခဲခုထားပြီးဒူးထောက်နေရခြင်း။
၅။ခြေတစ်ဖက်ထဲဖြင့်ရပ်နေရခြင်း။

အရုပ်လေးရဲ့အားနည်းချက်က ကျနော့်ရဲ့ လျစ်လျူရှုမှုဘဲ။ အာ့တစ်ပတ်လုံးအရုပ်လေးကို ကျနော်ပစ်ထားလိုက်တယ်။
သူမသိခင် ဂရုစိုက်ပေးဖို့တော့ မမေ့ဘူးပေါ့။

busသာစီး​နေရတာ ကျနော်စိတ်ကအတွေးနယ်မြေထဲ
ခရီးဆန်နေသည်။
"သ..သခင်"ဘေးက အရုပ်လေး ​ခေါ်သံကြားမှ
သတိပြန်ဝင်လာ​တော့သည်။
သူ့မျက်နှာက ကျနော့်ကိုနည်းနည်း လန့်နေသလို
"ဘာလို့ စကားတွေထစ်​နေတာလဲ အရုပ်လေး😏"
"သခင့် မျက်နှာက လူသတ်ချင်တဲ့အရုပ်ဖြစ်နေလို့ လန့်သွားလို့ပါ သခင်😔"
"ဆင်းတော့!! တစ်ခုခုဆို ဝမ်းနည်းမယ်ဆိုတာချည်း"
"ဟုတ်"

အရုပ်လေး အလုပ်ဆိုင်ထဲ ဝင်တာကို ကြည့်ပြီးမှ
ကျနော်လည်း မျက်နှာချင်းဆိုင်မှာရှိတဲ့ ကျနော့်ရဲ့
အလုပ်သို့သွားရန်ပြင်လိုက်သည်။
မီးပွိုင့်နဲ့ တိုးတာကြောင့် ခဏစောင့်ပြီးမှ အလုပ်ထဲ
လျှောက်လာခဲ့သည်။

အလုပ်ထဲရောက်လို့ ထိုင်တုန်းရှိသေးတယ်။
စီနီယာမမတွေကလာပြီး ဖိုင်အထပ်လိုက်ကို ကျနော့်
စားပွဲပေါ်တင်ပြီး "ဂျူနီယာ​လေး ၃နှစ်စာစာရင်းတွေ
လုပ်လိုက်ပါဦး" ဆိုပြီး သူတို့ရဲ့ ချွဲပြစ်ပြစ် အသံနဲ့
လာပြီး ခိုင်းကြလေသည်။

365( Complete) Where stories live. Discover now