part(9)

5.2K 108 0
                                    

အလုပ်​မှာသခင်​က ကျ​နော့်​ကို ကာကွယ်​​ပေးသွားတာ reader​လေးတို့မြင်​တယ်​မှတ်​လား။သခင်​ကအဲ့လိုပဲဗျ ကျ​နော်​အခက်​အခဲဖစ်​​နေတဲ့အချိန်​ဆို အမြဲတမ်း​ရောက်​​ရောက်​လာတတ်​တယ်​ ။hee..ကျ​နော့်​ရဲ့ heroကြီး​လေ
ဒါ​ပေမယ့်​ ကျ​နော်​အလုပ်​ပြန်​ဆင်းတဲ့​နေ့ကျရင်​ အလုပ်​ရှင်​ဆူတာခံရအုန်းမှာပါ။သခင့်​ကိုသာသူက​ကောင်း​အောင်​ပြန်​​ပြောတာဗျ ကျ​နော်​တို့ဝန်​ထမ်း​တွေအ​ပေါ်​တော့အမြဲဖိ​နေတဲ့သူ။ကျ​နော့်​ကိုကာကွယ်​​ပေးချင်​ရင်​ အဲ့လူဆူဆဲ​နေကတည်းက သူဝင်​ထိန်း​ပေးမှာ​ပေါ့ဗျ ငြိမ်​နား​ထောင်​​နေတာကြည့်​​လေ သခင်​ဝင်​​ပြောမှ သူ​တော်​​ကောင်း​ရောင်​​ဆောင်​သွားတာ။တော်​​သေးတာ​ပေါ့ အရိုက်​ခံရဖို့နည်းနည်းပဲလိုတယ်​ ။reader​လေးတို့က​ပြောမှာ​ပေါ့သူရိုက်​ရင်​ပြန်​ရိုက်​ဘာလို့ငြိမ်​ခံ​နေလဲ အလုပ်​ထုတ်​ရင်​အသစ်​ရှာလို့​ပြောမှာ​ပေါ့။ခု​ခေတ်​မှာ reader​လေးတို့သိမှာပါ ပညာမစုံရင်​ အလုပ်​​ကောင်း​ကောင်းမရဘူးဆိုတာ။ကျ​နော်​ကမြန်​မာစာနဲ့ ဘွဲ့ရခဲ့​ပေမယ့်​ တခြားသင်​တန်းဆိုလို့ computer ​တောင်​တက်​ဖူးတာမဟုတ်​ဘူး။computerကို ​ကောင်း​ကောင်းသုံးတတ်​​ပေမယ့်​ ​အောင်​လက်​မှတ်​မပြနိုင်​​တော့ ခက်​တာ​ပေါ့ဗျာ။နောက်​ပြီးဒီအလုပ်​​လေးက အဆင်​​ပြေတယ်​​လေ လစာလည်း​​တော်​တန်​သင့်​သ​လောက်​ရတယ်​ သခင်​နဲ့လည်းအချိန်​တူတယ်​ ။ဘာပဲဖြစ်​ဖြစ်​​လေ အလုပ်​မှာ costomer သည်​သာအမှန်​​လေ ဟုတ်​တယ်​မှတ်​လား သူကဆိုင်​မှာအမြဲအား​ပေး​နေကျသူဆို​တော့ ကျ​နော်​​ကောင်း​ကောင်းအ​ပြောခံရအုန်းမှာပါ။

သခင်​က​တော့ သူရှာ​ကျွေးနိုင်​တယ်​လို့အမြဲ​ပြောပါတယ်​ ဒါ​ပေမယ့်​ ကျ​နော်​လည်းအလုပ်​တစ်​ခု​တော့လုပ်​သင့်​တယ်​​လေ ။အဲ့ဒါမှလည်းနှစ်​​ယောက်​လစာနဲ့​စားဝတ်​​နေ​ရေး​ပြေလည်​မှာ​ပေါ့။ကျ​နော်​​တွေး​နေတာနဲ့တင်​ တိုက်​ခန်းနား​တောင်​​ရောက်​​တော့မယ်​။ဒီ​နေ့​တော့ သခင်​ဆီအဆူခံသင့်​ပါတယ်​​လေ ဘာလို့လဲဆို​တော့ ​စော​စောကcostomerကို ထိုးလိုက်​တာ သူ့လက်​​လေးပွန်းသွားတာ​တွေ့လိုက်​တယ်​။ဘာပဲဖြစ်​ဖြစ်​သူကမိန်းက​လေးပဲ​လေ နာတတ်​မှာ​ပေါ့ နူးညံ့ချင်​မှာ​ပေါ့ သူ့ထက်​နှစ်​နှစ်​ပိုကြီးတဲ့ကျ​နော့်​အ​ပေါ်နွဲ့ဆိုးဆိုးချင်​မှာ​ပေါ့ ချွဲချင်​ရှာမှာ​ပေါ့ သူများအတွဲ​တွေလို roချင်​မှာ​ပေါ့ အခု​တော့အဲ့အချက်​​တွေရဲ့ဆန့်​ကျင်​ဘက်​အ​နေနဲ့ ကျ​နော့်​ကိုကာကွယ်​ပြီးစိတ်​ဓာတ်​မာချင်​​​ယောင်​​ဆောင်​​နေရတယ်​​လေ။ အ​ရေးထဲဆို မျက်​ရည်​ကကျ​တော့တာပဲ ကျ​နော်​လည်းငိုဖို့ပဲတတ်​တယ်​ထင်​ပါတယ်​။

365( Complete) Where stories live. Discover now