ကျနော်ပြောလိုက်တာနဲ့ ဘောပင်ကို ပါးစပ်နဲ့ရအောင်ကုန်းကောက်နေလေရဲ့။
"ငါ့ကိုစိတ်ပျက်အောင်အဲ့လိုပဲ အမြဲလုပ်နေသိလား နောက်တစ်ခေါက် အဲ့ဘောပင်ထွက်ကျလာရင် ဘောပင်နဲ့တွဲပြီးနင့်ပါးစပ်ကိုtapeကပ်ထားမယ် "ကျနော်လည်းဇလုံကိုရှေ့ချပြီးယူလာတဲ့၃မိနစ်ရေနွေးအိုးထဲကရေနွေးတွေကို လောင်းထည့်လိုက်တယ် ။ရေနွေးကုန်အောင်ထည့်ပြီးတော့ အိုးကိုဘေးချကာ အရုပ်လေးကို အပြုံးတစ်ခုနဲ့ အဓိပ္ပါယ်ပါပါကြည့်လိုက်တယ် ။အရုပ်လေးကတော့ ကြောက်လို့ငိုတာ မျက်နှာတစ်ခုလုံးနီရဲနေပြီ။ ငိုစရာမျက်ရည်ချန်ထားအုန်းမှပေါ့ ကလေးရယ်......ကြိုးချည်ထားတဲ့လက်ကိုအရင်းကကိုင်ပြီး ရေနွေးဇလုံထဲနှစ်လိုက်တော့.
"အင့်.......ဂျွတ်"
ဘောပင်လွှတ်မကျအောင် အားပါပါနဲ့ကိုက်လိုက်တယ်ထင်ပါရဲ့ ကျနော့်ဘောပင်ဘေးကျိုးသွားပြီလေ မရှိ့မဲ့ရှိ့မဲ့ အားနဲ့ရုန်းနေလိုက်တာများ
"တောင်းပန်ပါတယ်..သခင်ရယ် တောင်းပန်ပါတ.် ဟင့်..အင့်..ပူလို့ပါ လွှတ်..ဟင့်..လွှတ်ပေးပါတော့..အင့်..အင့်.."
"နင်ပူတာထက် အဲ့နေ့က ငါဒီ့ထက်၁၀ဆပိုပူလောင်တယ်ဟဲ့သိရဲ့လား..ငါ့ခံစားချက်ကိုရော နင်နားလည်ရဲ့လား မရုန်းနဲ့ ရုန်းရင် ဒီ့်ထက်ပိုဆိုးမယ်""အရုပ်..အရုပ်..ဟေ့..အရုပ်..ထစမ်း ..ငါ့အမိန့်မပါဘဲ နင်မေ့လဲလို့ရလားဟမ်.ခုထစမ်း"
ဟုတ်ပါတယ် ကျနော့်အရုပ်လေး မေ့လဲသွားတာပါ သူ့ကိုမချီကာ ကုတင်ပေါ်တင်ပေးလိုက်တယ်။ ပြီးမှအသာအယာ ကြိုးဖြေပေးလိုက်တယ်။ကျနော်တင်းတင်းချည်ထားတော့ အရာလေးတွေတောင်ထင်နေပြီ။လက်ကဒဏ်ရာကိုဆေးလိမ်းပေးမှဖြစ်မှာကြောင့် ရေချိုးခန်းထဲကသွားတိုက်ဆေးကိုယူပြီး များများလေးလိမ်းပေးကာ ကျောကဒဏ်ရာတွေကို ဆေးထည့်ဖို့ပြင်ရပြန်တယ်။ကုတင်ဘေးကဆေးသေတ္တာကို ဖွင့်ကာ အရက်ပြန်ကို ဂွမ်းနဲ့သုတ်လိုက်တော့ တချက်တချက် တွန့်သွားတဲ့ခန္ဓာကိုယ်လေး ကျနော်တောင်းပန်ပါတယ် အရုပ်လေးရယ် ကျောကိုသေချာဆေးထည့်ပေးပြီးမှ အင်္ကျီအပါးလေးဝတ်ပေးလိုက်တယ်။