ကျွန်နော်အိပ်ရာကနိုးတော့ သခင်အလုပ်သွားပါပြီ။ကျနော်လည်းရေချိုးဖို့ ရေချိုးခန်းထဲသွားရော woow...
သွားတိုက်ဆေးထည့်ပေးခဲ့တာဗျ ။ပြီးတော့မှန်မှာကပ်ထားခဲ့တဲ့စာကအဝတ်တွေလျှော်ဖို့မစဉ်းစားနဲ့အုန်းဒီတိုင်းနားနေလိုက်
ရေချိုးပြီးရင် စားပွဲပေါ်မှာလက်ကိုလူးဖို့ဆေးအဆင်သင့်ရှိ့တယ် လူးထား နောက်ပြီးဆန်ပြုတ်လုပ်ထားတယ် စားခါနီးပြန်နွှေးပြီးစားလိုက် ပြီးရင်တစ်ခါတည်းဆေးသောက် tvကြည့်ခွင့်ပေးတယ် အပြင်ဆိုလို့ပြတင်းပေါက်ကတောင်မကြည့်မိစေနဲ့ အိမ်တံခါးသော့ခတ်ခဲ့တယ်။Master
ကျနော်လည်းမှာထားခဲ့တဲ့အတိုင်းရေချိုးပြီးဆန်ပြုတ်သောက်ဖို့အောက်ထပ်ဆင်းလာခဲ့တယ်။မနေ့က၃မိနစ်ရေနွေးအိုးကိုတွေ့တော့ ခြေလှမ်းတောင်တွန့်သွားတယ်။ဘယ်ရမလဲ အကြည့်စူးစူးနဲ့ကြည့်ပစ်လိုက်တယ်။ကျနော့်မှာ မည်း စရာ ဒါပဲရှိ့တယ် hee. ဆန်ပြုတ်သောက်ရင်း ကျနော်တို့အတူစနေတဲ့အချိန်ကိုတွေးမိတယ်။အဲ့အချိန်တုန်းကသခင်ကဘာဟင်းမှမချက်တတ်ဘူးလေ ။ဒါပေမယ့်မာနတော့ရှိ့တယ်ဗျ ဖြစ်အောင်ချက်ကျွေးတယ်။ချဉ်တဲ့အခါချဉ်ပြီး ငန်တဲ့အခါလည်းငန်တာပေါ့။တစ်ခါကမှတ်မိသေးတယ် အာလူးကိုအခွံမနွှာဘဲ ထည့်ချက်တယ် သူပြောတာတော့ အခွံနွှာရမှာပျင်းလို့တဲ့ ရေပြောင်အောင်ဆေးပြီးချက်လည်းစားလို့ရတယ်တဲ့လေ။တကယ့်အရူးမလေးပါဗျာ ဟင်းရဲ့နှိပ်စက်တဲ့ဒဏ်ကို ၃လလောက်ခံခဲ့ရတာဗျ။အခုတော့လည်းဒီလက်ရာလေးကိုပဲ မစားရမနေနိုင်ဖြစ်နေရတာပေါ့။တွေးရင်းချစ်လိုက်တာဗျာ..
ဘာလိုလိုနဲ့သခင်ပြန်လာမဲ့အချိန်ဖြစ်တာကြောင့် tvပိတ်ပြီး တံခါးဖွင့်သံကိုနားစွင့်နေမိတယ်။
"ဂျောက်"
ဟာ သခင်ပြန်လာပြီပြောရင်းတံခါးပွင့်လာတာကြောင့် အနားသွားပြီးပစ္စည်းတွေသွားယူတော့
"ရတယ် ကျနော့်ကွကိုယ်သယ်မယ် လက်ရောသက်သာလား ဆန်ပြုတ်ရော သောက်လား"
"ဟုတ်ကဲ့ သခင်မှာတဲ့အတိုင်းကျနော်လုပ်ပြီးပါပြီ"
"မသက်သာရင် ဆေးခန်းပို့ပေးမယ် "
"ဟုတ်ကဲ့ ကျနော်သက်သာပါတယ်သခင် အရေကြည်ဖုလည်းမဖြစ်ပါဘူး"
"Ommအဲ့ဒါဆို ကျနော်ရေချိုးအုန်းမယ် ပြီးရင်ထမင်းစားကြမယ်"