part(13)

4.1K 90 1
                                    

ကျ​နော်​အိပ်​​နေတုန်း ရုတ်​တရက်​အသက်​ရှူကြပ်​လာတာ​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​​တော့ တရားခံကသခင်​ဖြစ်​​နေတာကို။ အသက်​ရှူလို့မရ​တော့တာ​ကြောင့်​ ရင်​ဘက်​ကိုထုပြီးသတိ​ပေးလိုက်​တယ်​။အကျိုးဆက်​က​တော့ ​အောက်​နှုတ်​ခမ်း​ပေါက်​သွားတာ​ပေါ့ဗျာ..

ကျ​နော်​​ရေချိုးပြီးထွက်​လာ​တော့သခင်​က​ရေချိုးခန်းထဲဝင်​သွားတယ်​။ မျက်​နှာကို tonar နဲ့ day cream လိမ်းပြီးအင်္ကျီယူဝတ်​ကြည့်​မှ သတိထားမိတယ်​ ကျ​နော့်​အင်္ကျီမှာ VE ဆိုတဲ့ စသား​လေးနှစ်​လုံး ဝန်​ထမ်းဝတ်​စုံလည်းမဟုတ်​ပါလား။သိချင်​စိတ်​​ကြောင့်​သခင့်​အင်္ကျီပါ စပ်​စုကြည့်​​တော့ LOတဲ့ ပြက္ခဒိန်​ ကိုအ​ပြေးကြည့်​ရတာ​ပေါ့။ဟာကွာ ဒီ​နေ့ချစ်​သူများ​နေ့ပဲ သခင့်​တွက်​ ဘာလက်​​ဆောင်​မှ​တောင်​မ​ပေးနိုင်​ဘူး ။အလုပ်​သွားရင်းသခင့်​ဆီကပိုက်​ဆံ​တောင်းကြည့်​ရင်​​ကောင်းမလား..မဖြစ်​​သေးပါဘူး ဘွား​တော်​ကပိုက်​ဆံမှ​ပေးမသုံးဘဲ ​တော်​ကြာ​စစ်​လား​ဆေးလားလုပ်​နေမှဖြင့်​ surprise ​မဖြစ်​ဘဲ​နေမယ်​။

အဲ့​တော့ကျ​နော်​ဘာလုပ်​မယ်​ထင်​လဲ သခင်​မသိ​အောင်​ပိုက်​ဆံယူမှာ​ပေါ့​ဗျ သခင့်​ဘီရိုထဲက ATMကဒ်​​လေးကို မသိမသာ​လေးယူရတာ​ပေါ့ သခင်​က​ chocolate သရဲဗျ​။ကျ​နော်​နဲ့သခင်​ကအကြိုက်​တူတာခက်​ရှားရှားရယ်​ ကျ​နော်​က​ သခင်​အကြိုက်​ဆုံးဖြစ်​တဲ့ chocolate ကို လုံးဝမထိချင်​တာမျိုး​လေ။သခင်​အကြိုက်​ဆုံးပန်း​ရောင်​ကလည်း ကျ​နော်​အမုန်းဆုံးအ​ရောင်​ဖြစ်​​နေတာမျိုး​​ပြောမယ်​ဆိုမဆုံး​တော့ဘူးဗျ ။ဒီ​နေ့ကကျ​နော့်​ရဲ့စွန့်​စားခန်းပဲဗျ

ရေခဲ​သေတ္တာဖွင့်​ကြည့်​​တော့ နွားနို့ရယ်​ ကြက်​ဥအချို့ရှိ့တာ​ကြောင့်​ ထူးထူးခြားခြား ​လေးဖြစ်​​အောင်​ ပါမုန့်​ကြက်​ဥ​ကြော်​နဲ့ နွားနို့ပူပူ​လေးကြို​ပေးလိုက်​တယ်​။ကျ​နော်​မနက်​စာပြင်​ပြီး​လောက်​မှာသခင်​က​အောက်​ဆင်းလာတာ​ကြောင့်​မနက်​စာအတူစားပြီး အလုပ်​ကိုထွက်​ခဲ့ကြတယ်​။Aww ​ပြောရအုန်းမယ်​ဗျ ကျ​နော်​ဒီ​နေ့hoodiဝတ်​စရာမလိုဘူး ဆင်​တူဝတ်​တာသိ​စေချင်​လို့တဲ့​လေ ။တစ်​ခါတစ်​ကျရင်​အဲ့လိုက​လေးဆန်​တတ်​တာဗျ။သေချာတာတစ်​ခုက​တော့ အလုပ်​​ရောက်​ရင်​ သခင်​​ရောကျ​နော်​​ရော ဝန်​ထမ်းဝတ်​စုံမဝတ်​ထားလို့ ဒဏ်​​ငွေ​ဆောင်​ရမယ်​ဆိုတာပါပဲ။

365( Complete) Where stories live. Discover now