part(8)

5.7K 115 10
                                    

အရုပ်လေး အလုပ်ကိုလိုက်ပို့ပြီးတော့ ကျနော် အိမ်
တွက် လိုအပ်တာလေးတွေ ဝယ်လိုက်သည်။
ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ ကျနော့်မှာ ရုံးတက်စရာ
မလိုဘူးပေါ့။ အရုပ်လေးမှာပိတ်ရက်က တစ်ပတ်မှာ တစ်ရက်ဘဲရတေလေ။ ဝယ်ရမဲ့ဟာတွေ စုံပြီဆိုတာနဲ့
အိမ်ကိုပြန်လာခဲ့သည်။ ကျနော်လည်း ထမင်းချက်
မနေ​တော့ဘဲ ဝယ်လာတဲ့ ခေါက်ဆွဲဘူးတွေကို
စားမို့လုပ်လိုက်သည်။ ညနေစာဘဲ အရုပ်လေးရုံးဆင်း
ပြန်မှ တူတူချက်စားရမေ။ ရေနွေးကို အပူချိန်များများနဲ့ တည်လိုက်ပြီး ခေါက်ဆွဲဘူးကို ဖွင့်လိုက်သည်။
ငရုတ်သီးစိမ်း/ခရမ်းချဉ်သီး/ကော်ဖီထုပ်/နံနံပင်တို့ကိုအနေတော်လှီးပြီး ထားလိုက်သည်။ ရေနွေးဆူတာနဲ့
ခေါက်ဆွဲကိုရေနဲ့ တစ်ခေါက်ပြုတ်လိုက်ပြီး ရေကို
သွန်ပစ်လိုက်သည်။ ပြီးတာနဲ့စောစောက လှီးထားတဲ့
အသီးရွက်တွေကို ခေါက်ဆွဲထဲထည့်လိုက်သည်။
ကြက်ဥကိုခေါက်ထည့်ပြီး ပုစွန်ခြောက်လေးတွေကိုပါ
အဆစ်ထည့်လိုက်သေးသည်။ ရေနွေးကို ထည့်လိုက်
တာနဲ့ စားချင်စဖွယ် အတိရှိသော ခေါက်ဆွဲပြုတ်လေး
တစ်ပွဲရသွားလေပြီ။ ခေါက်ဆွဲပြုတ်စားရင်း TV
Channelတွေ ထိုင်ကြည့်နေလိုက်သည်။ အရုပ်လေး
ဆီကို ဘယ်လိုနည်းနဲ့သွားရမလဲ ဆိုပြီး စဉ်းစားရင်း
နဲ့ပေါ့။ စားပြီးတာနဲ့ အိပ်ချင်စိတ်က ထိန်းမရတော့ဘူး။ အိပ်ခန်းထဲဝင်လိုက်တာနဲ့ ၃နာရီ alarm
ထားလိုက်သည်။ အိပ်စက်ခြင်းဆီသို့..

⏰⏰⏰⏰⏰⏰
ကုတင်ပေါ်က နာရီရဲ့ လှုံ့ဆော်ပေးမှုကြောင့် ကျနော်
ကုတင်ပေါ်က ထပြီး အင်္ကျီလှဲလိုက်သည်။
T-shirtအနက်​ပေါ် အပေါ်ထည်လက်ရှည် ​ခေါင်းစွပ်ပါ
အနက်ရောင် အင်္ကျီကို ထပ်ဝတ်လိုက်သည်။
ကျနော်က ဘောင်းဘီဝတ်ရတာဘဲ ကြိုက်တာဗျ။
ရုံးတက်ရရင်သာ ထဘီတွေဘာတွေနဲ့ အလုပ်ရှုပ်နေတာ။ ဘောင်းဘီဒူးဖုံး ပွပွလေးတစ်လုံးဝတ်လိုက်ပြီး
maskအနက်ရောက်တစ်ခု တပ်ထားလိုက်သည်။
ဆံပင်ကလည်း သိပ်ရှည်တဲ့ထဲ မပါတော့ ခေါင်းစွပ်
ဆောင်းလိုက်ရင် all blackနဲ့မိမိုက်နေတဲ့ ကောင်လေး
တစ်ယောက်လိုပေါ့။

အရုပ်လေးဆီသွားရန် အဆင့်သင့်ဖြစ်နေလေပြီ။
Busမှတ်တိုင်နား busကားစောင့်ရင်း နားကြပ်တပ်ပြီး
ဖုန်းသုံးနေလိုက်သည်။ ကောင်မလေးတစ်ယောက်
လမ်းလျှောက်ရင်း ခြေလျှော်လို့လား ဘာလားတော့
မသိဘူး။ ကျနော့်ရင်ခွင်ထဲ ပစ်ဝင်တော့မဲ့အချိန်
ကျနော်ရပ်နေရာမှ တခြားနေရာရွေ့လိုက်တော့
ကျနော့်ရင်ခွင်ထဲ မရောက်ဘဲ လူသွားလမ်းပေါ်
ပစ်လှဲကျသွားသည်။ ကျနော်လည်း busကား
ရောက်လာတာနဲ့ busပေါ်ဘဲ ခပ်တည်တည်နဲ့
တက်သွားလေသည်။ ဟိုကောင်မလေးရဲ့
စူပုတ်ပုတ်ဖြစ်နေတဲ့ မျက်နှာကိုတော့ မျက်လုံးထောင့်
လေးက မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
ကျနော့်ရင်ခွင်က အရုပ်လေးတစ်ယောက်ထဲတွက်
ဘယ်နှယ့် သူစိမ်းလူ အဝင်ခံမလဲ ဟုတ်တယ်မလား။
Busအတော်ကြာ စီးပြီးနောက် အရုပ်လေးရဲ့ ဆိုင်ရှေ့
ရောက်လာခဲ့သည်။ ဆိုင်ထဲလှမ်းကြည့်လိုက်တော့
အရုပ်လေးနဲ့ လူတစ်ယောက်။ ဒေါသစိတ်ကို
ထိန်းလိုက်ပြီး အခြေနေကို ဆက်စောင့်ကြည့်နေလိုက်သည်။ ဆိုင်ရဲ့ customer ထင်တယ်။ အရုပ်လေးကို
ဆူနေတာ ထင်တယ်။ အရုပ်လေးရဲ့ မျက်နှာက
မြေကြီးထဲ ဝင်သွားမတတ် ငုံ့နေတာ။ ခဏနေတော့
ထိုလူက လက်ပါဖို့လုပ်နေတာ မြင်တော့ ကျနော့်
လည်း ဆိုင်ထဲကို ပြေးဝင်သွားပြီး
"ခင်ဗျား..ခုချက်ချင်း အာ့လက်ကိုချလိုက်"
ကျနော့် အသံကအတော်ကျယ်သွားသည် ထင်တယ်။
အရုပ်လေးယော အာ့လူယော ကျနော့်ဘက်ကို
လှည့်ကြည့်လာသည်။ ကျနော်ကလည်း အာ့အခွင့်
ရေးကို ဘယ်လက်လွှတ်ခံပါ့မလဲ။ ရှေ့ကလူကို
နှစ်ချက်​လောက် ဆင့်ထိုးလိုက်သည်။ အရုပ်လေးကို
လည်း ကျနော့်နောက်ကို ပို့လိုက်ပြီးသား​ပေါ့။
ခဏနေတော့ ရှေ့ကလူလည်း အသိပြန်ဝင်လာတယ်ထင်ပါရဲ့။ ကျနော့်ကို မကြည်ကြည့်ကြည့်ပြီး
"မင်းကဘယ်သူလဲ မဆိုင်ရင်ကိုယ့်လမ်းကိုယ်သွား
ကောင်မလေးရှေ့မှာ သူရဲကောင်းကြီးလာလုပ်မနေနဲ့"
(ဟတ်..မင်းသာ ကိုယ့်လမ်းကိုယ်သွားရမှာ ပြောတဲ့
စကား လွဲနေသလားဘဲ)
"ကြည့်..ခင်ဗျား ကာကွယ်ထားတဲ့ ကောင်မ လုပ်ထား
တာ"
အအေးတစ်ဘူး အတွက်နဲ့ ပြောနေလိုက်တာ ရစရာ
ကိုမရှိဘူး။ ကျနော်လည်း ခပ်တည်တည်ဘဲ
"အအေး တစ်ဘူးဘဲမလား ဘလောက်လဲ ၁၀၀၀လား
၁၀၀၀၀လား အေး..နောက်တစ်ခုပြောလိုက်မယ်
ဒါငါ့မိန်းမ မင်း​ဘာမှ​ပြောစရာမလိုဘူး"
"...."
ကျနော်လည်း သူဆွံ့အနေတုန်း သူ့မျက်နှာကို
၁သောင်းတန် တစ်ရွက်နဲ့ ပစ်ပေါက်ခဲ့ပြီး အရုပ်လေး
ကို အလုပ်ဆင်းခွင့်ပြုရန် ဆိုင်ရှင်ကိုမေးလိုက်သည်။
"အဒေါ် ကျနော့်မိန်းမကိုခေါ်သွားလို့ရပြီလား"
"အေ..ခေါ်သွားတော့လေ သမီးလေးရုံးဆင်းချိန်လည်း
နီးနေပြီ။ စောစောကကိစ္စအတွက် အဒေါ်တောင်းပန်ပါ
တယ်ကွယ်။ သူက ​သူဋ္ဌေးသားဆိုတော့အကုန်လုံးကို
အနိုင်ကျင့်နေကျ။ ခုသမီးလည်း ဂရုစိုက်ကွယ်။
သူသမီးကို တစ်ခုခုလုပ်မှာ စိတ်ပူလို့။"
"ဟုကဲ့ပါ..အန်တီ ကျနော်ဂရုစိုက်ပါ့မေ။"
အရုပ်လေး အင်္ကျီလှဲပြီး ထွက်လာတာနဲ့မြင်တာနဲ့
"အန်တီ ကျနော် သွားတော့မေနော်" ကျနော်လည်း
အန်တီနဲ့ စကားဖြတ်ပြီး အရုပ်လေးလက်ကို ကိုင်ပြီး
ထွက်လာလိုက်သည်။....

365( Complete) Where stories live. Discover now