part(5)

8.7K 148 6
                                    

ကျ​နော့်​ချစ်​သူရဲ့ကြင်​နာ​နွေး​ထွေးတဲ့ ​​ပွေ့ဖတ်​မူ့နဲ့ ကျ​နော်​နိုးလာခဲ့တယ်​။သခင့်​က​တော့ အိပ်​လို့​ကောင်းတုန်း​ပေါ့ဗျာ ။သူလည်းပိတ်​ရက်​​လေးပဲ ​အေး​ဆေးနားရတာ အလုပ်​​တွေဖွင့်​ရင်​ ထမင်းချိုင့်​အတွက်​ပြင်​ဆင်​ရလို့ မနက်​ပိုင်းအိပ်​​ရေးဝ​အောင်​မအိပ်​ရရှာဘူး​လေ။သခင့်​ရင်​ခွင်​ထဲ အသာ​လေးတိုးထွက်​ပြီး အိပ်​ယာ​ပေါ်မှာထိုင်​လိုက်​တယ်​။ဘာလုပ်​မလို့လဲ သိချင်​​နေပြီမှတ်​လား ကျ​နော်​ကအကြံသမား​လေ ။ ခိုးနမ်းမလို့ဗျ hee..

သခင့်​နှုတ်​ခမ်းနား ဖြည်းဖြည်းချင်းတိုးလိုက်​တယ်​..မဖြစ်​​သေးပါဘူး။တော်​ကြာ ခွင့်​ပြုချက်​မရှိ့ဘဲ နမ်းမိလို့ ကျ​နော့်​နှုတ်​ခမ်း​တွေ ​သွေးထွက်​​အောင်​အကိုက်​ခံရလိမ့်​မယ်​။ဟူး..အဲ့နှုတ်​ခမ်း​လေး​တွေက​လေ ကျ​နော့်​ဆို တအားဆူတတ်​ဆဲတတ်​တာ။အခု​အေးချမ်းစွာအိပ်​​ပျော်​​နေတဲ့မျက်​လုံး​လေး​တွေဆိုလည်း ကျ​နော့်​ကိုစူးစူးရဲရဲကြည့်​တတ်​​သေး။နူးညံတဲ့လက်​က​လေး​တွေကလည်း ကြာပွတ်​တို့ ကြိမ်​လုံးတို့နဲ့ရိုက်​ဖို့ဆို ဘယ်​​တော့မှလက်​မတွန့်​ဘူး လူဆိုးမ​လေး။

ဒီလိုလိုက်​ကိုင်​ကြည့်​​နေလို့ မဖြစ်​ပါဘူး ​တော်​ကြာနိုးသွားမှဖြင့်​ ပိတ်​ရက်​​လေးမှာငို​နေရအုန်းမယ်​။ ကျွန်​​တော်​လည်းအိပ်​ရာမှအမြန်​ထကာ သွားတိုက်​မျက်​နှာသစ်​ပြီး သခင့်​အတွက်​လည်းအဆင်​သင့်​ သွားတိုက်​​ဆေး ထည့်​​ပေးခဲ့သည်​။ မီးဖိုထဲသွားပြီးမနက်​စာ ပြင်​ဖို့ကြည့်​​တော့ ပါမုန့်​အချို့နဲ့ ​ကော်​ဖီသာ​တွေ့သည်​။ အပြင်​ကမနက်​စာသွားဝယ်​​ကျွေးချင်​​ပေမယ့်​ ခွင့်​ပြုချက်​မရဘဲ အပြင်​မ​ပြောနဲ့ တိုက်​ခန်းအပြင်​​တောင်​ဆင်းလို့မရပါ။အဲ့ဒါ​ကြောင့်​ သခင်​နိုးရင်​ စားရ​အောင်​ ​ကော်​ဖီကိုနှပ်​ပြီး ပါမုန့်​မီးကင်​ကာ ယိုသုတ်​ထားလိုက်​သည်​။

ကျ​နော်​မနက်​စာပြင်​ပြီး​တော့ မနက်​၆နာရီခွဲ​နေပြီဖြစ်​သည်​။လုပ်​စရာ​ထွေ​ထွေထူးထူး မရှိ့တာ​ကြောင့်​အခန်းထဲပြန်​သွားကာ မ​နေ့ကမီးပူတိုက်​ထားသည့်​အဝတ်​အစားများကို သခင်​​ရေချိုးပြီးဝတ်​ဖို့ မှန်​တင်​ခုံ​ပေါ်တင်​ထားလိုက်​သည်​။ကျွန်​​တော်​လည်း​ရေချိုးပြီး သခင်​အိပ်​​နေတာကို ထိုင်​ကြည့်​​နေလိုက်​​တော့သည်​။ကျွန်​​တော်​ထိုင်​​ကြည့်​၍ ဘယ်​​လောက်​မှမကြာပါ ​လှုပ်​လှုပ်​ရွရွနဲ့ ​ခွေး​ပေါက်​​လေးနိုးလာ​လေရဲ့။

365( Complete) Where stories live. Discover now