ကျနော်နိုးနိုးချင်း ကျောကနာကျင်မူ့ကို ဦးစွာခံစားလိုက်ရတယ်။အလိုလိုနေရင်းမနေ့ကအဖြစ်အပျက်တွေက ရုပ်ရှင်တစ်ကားလို ကျနော့်အတွေးထဲ အစီအရီပေါ်လာလေရဲ့။အိပ်ယာဘေးကို လက်စမ်းမိတော့...ဟင်..သခင်ငါ့ကိုထားသွားပြီလား
"အ့"
စိုးရိမ်မူ့နဲ့ ချက်ချင်းထ ထိုင်မိတော့ ကျောက မင်းမှာအဒဏ်ရာရှိ့တယ်ဟု သတိပေးလေရဲ့။အဲ့ဒဏ်ရာကအရေးလားကွာ အခုငါ့သခင်ကငါ့ကိုထားခဲ့ပြီနဲ့တူတယ်ကွ။ကျနော်လည်းခုတင်ပေါ်ကအင်္ကျီကိုအမြန်ယူဝတ်ကာစိုးရိမ်တကြီးအပြေးရှာမိတော့ တွေ့ပါပြီ ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့သခင်။"သခင်ရယ် ကျနော့်နဲ့အတူမအိပ်ချင်လောက်အောင် ရွံသွားတာလား ကျနော့်အပြစ်ကြောင့် သခင့်ကိုခြင်တွေကိုက်ကုန်ပြီ.သခင်ကျနော်နဲ့မအိပ်ချင်ရင် ကျနော့်ကိုအောက်မှာဆင်းအိပ်ဖို့အမိန့်ပေးလို့ရပါတယ်သခင်ရယ် အခုတော့ခြုံစရာစောင်တောင်မပါပဲ အိပ်နေတာမြင်ရတော့ ကျနော်ပိုနာကျင်ရပါတယ်"
ကျနော်မသိလိုက်ခင်မှာပဲ ပါးပေါ်ဖြတ်သန်းသွားတဲ့ မျက်ရည်စီးကြောင်းတစ်ခု။ကျနော်သခင့်ရှေ့မှာပဲဒူးထောက်နေလိုက်တယ်။ကျနော့်အပြစ်တွေမှမကျေသေးဘဲ သခင်ကျေနပ်တဲ့အထိအပြစ်ခံရမှာ ကျနော့်တာဝန်။ကျနော်ဒူးထောက်လို့မိနစ်၃၀လောက်ကြာတော့သခင်နိုးလာပါရဲ့။ကျနော်ချက်ချင်းခေါင်းငုံ့နေလိုက်တယ် သခင်မျက်နှာကိုရင်ဆိုင်ဖို့ ကျနော့်မှာသတ္တိမရှိ့ဘူး။
"သခင်.ကျနော်တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါနော်"
"နင်ကခွင့်လွှတ်ဖို့တန်လား"ကျနော်သခင့်လက်ကိုလှမ်းကိုင်တော့ ကျနော့်လက်ကို ပုတ်ထုတ်လိုက်တဲ့သခင်
"သူများကိုင်ထားတဲ့လက်နဲ့ ငါ့ကိုလာမကိုင်နဲ့ "
"ကျနော့်ကို မကျေနပ်သေးရင် အပြစ်ထပ်ပေးလို့ရပါသေးတယ်သခင်ရယ် အဲ့လိုတော့မပြောပါနဲ့နော်"
"အခုအလုပ်သွားဖို့ လုပ်"
"ဟုတ်ကဲ့"