°15°

19.1K 1.5K 66
                                        

*သင်တန်းကရော အဆင်ပြေလား အားဝမ်*

*ပြေပါတယ် ကျဲရဲ့...!*

ရိပေါ် ကျဲရဲ့ အိတ်ကို ကူသယ်ကာ မောင်နှမနှစ်ယောက် စကားတစ်ပြောပြောနဲ့ပင်။ နယ်ဆင်းလိုက်ရ၍ အသားနည်းနည်းညိုလာရုံကလွဲ ကျဲကဘာမှမပြောင်းလဲပါ။

ညကတစ်ညလုံး ငိုထားရ၍ မနက် ကျဲဆီသွားကြိုတော့ မျက်လုံးတွေက ဖောင်းချင်နေသည်။ အသံတွေလဲ အိုင်းကာ သူ့ရုပ်က ဘယ်လိုမှ လန်းလန်းဆန်းဆန်းရှိမနေ။

*ယွီပင်းကရော ညဘက်တွေ လာအိပ်ပေးလား*

*အိပ်ပေးတယ် ကျဲ။ ကျဲလဲ ဟိုမှာ အစားအသောက် ချို့တဲ့မှာပေါ့*

*မချို့တဲ့ပါဘူး အားဝမ်ရဲ့။ စားစရာတွေ ပေါတယ်လေ*

ကျဲနဲ့ ဟိုရောက်ဒီရောက် စကားတွေပြောကာ နေပေမယ့် တစ်ယောက်ယောက်က ကျဲကို သူ့အကြောင်းတိုင်လ်ုက်မှာ ရင်ထိတ်နေရသည်။ လမ်းမှာတွေ့သည့် ရပ်ကွက်ထဲက အန်တီကြီးတွေက ကျဲကိုတွေ့တာနှင့် ရယ်ပြကြပေမယ့် ရိပေါ်အကြောင်းကိုတော့ မည်သူမှ မဟပေ။

*ဟင်..!*

ရိပေါ်တို့ အိမ်ရှေ့ ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်တွေ ရပ်ထားကြပြီး ဆိုင်ကယ်ပေါ်မှာ ဆေးလိပ်သောက်နေကြသည့် ဦးကျန့်တို့။ ဦးကျန့်က တစ်ချက်တစ်ချက် ရိပေါ်ကို လှမ်းကြည့်နေကာ ပြုံးပြနေလေသည်။

ရိပေါ် ကျဲများ ရိပ်မိသလားဆိုပြီး စောင်းငဲ့ကြည့်လိုက်တော့ ကျဲက ဘေးကိုကြည့်နေကာ ဖုန်းပြောနေလေသည်။ အခုထိ ဦးကျန့်တို့ကို မြင်သေးသည့်ပုံမပေါ်။

*သူတို့က အိမ်နားဘာလုပ်နေတာလဲ အားဝမ်*

ကျဲက သတိထားမိသွားပုံနဲ့ ဦးကျန့်တို့ကို မကြည်ကြည့် ကြည့်ကာ မေးလာသည်။ ထိုအချိန်ထိ ဦးကျန့်တို့က ဆေးလိပ်သောက်မပျက်ပေ။

*မ..မသိဘူးလေ ကျဲရဲ့*

ကျဲရဲ့ပုံစံက ဦးကျန့်တို့ကို ဘယ်လိုမှ သဘောကျပုံမပေါ်။ မနေ့ကမှ လမ်းခွဲစကားပြောသွားသည့် ဦးကျန့်က ဒီနေ့ကြ သူ့ကိုရွှန်းရွှန်းစားစားကြီး ကြည့်နေပြန်သည်။ ကျဲအရှေ့မှာတော့ သူ့ကို ဦးကျန့် လာမခေါ်လောက်ပါဘူး။

RestartWhere stories live. Discover now