Restartလေးက ပြီးသွားပြီဆိုတော့ ဦးကျန့်ကိုရော၊ ချာတိတ်ကိုရော၊ သားသားကိုရော၊ ဇာတ်ကောင်တစ်ခုချင်းစီကိုရော ချစ်ပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ အားဆေးလေးတွေကို ကျေးဇူးအများကြီး တင်ပါတယ်။
ပုံမှန်ဆို ကျေးဇူးတင်စကားကို စာအရှည်ကြီးမရေးတတ်ဘူး(Hee")။ ဒီficကတော့ ကျွန်တော့်ရဲ့ ပထမဆုံး completeဖြစ်သွားတဲ့ fanficပါပဲ။ S2ရေးခိုင်းနေကြပေမယ့် ကျွန်တော် စဉ်းစားထားတဲ့ plotက ဒီမှာတင်ပြီးသွားတော့ ဘာဆက်ရေးရမှန်းမသိဘူး ဖြစ်သွားတယ်။
ဆက်ဆန့်ရင်တော့ ရပါသေးတယ်ပေါ့။ ဒါပေမယ့် ဇာတ်မြောကြီး ဖြစ်သွားမှာကြောက်လို့ပါ( အရေးအသားက အရမ်းမကောင်းသေးတော့ သေချာပေါက် ဇာတ်မြောကြီး ဖြစ်သွားလိမ့်မယ်။) Extraကတော့ အပိုင်းအများကြီးမဟုတ်ပေမယ့် ရေးပေးမှာပါ။ ကျွန်တော်ရေးသမျှficတွေမှာ No Extaတွေများပါတယ်။
Extraပိုင်းတွေကတော့ အရို၊ အဆွိတွေပေါ့(စော်ရော၊ဘဲရော မရှိပဲ အဆွိတွေရေးရမှာ ဒီပရက်ရှင်တော့ ဝင်တာပေါ့ 😿)။ ဒါပေမယ့် ရေးပေးမှာပါ။
ဟုတ်ကဲ့ နောက်ထပ်ficအသစ်လေးကို ကျွန်တော်စဉ်းစားတုန်းပါ။ ရှောင်ကျန့်ကောရဲ့ ခပ်မိုက်မိုက်ပုံစံတွေကို ကျွန်တော်ကအရမ်းကြိုက်တော့ အဲ့လိုခပ်မိုက်မိုက်လေးပဲ ဖန်တီးဖြစ်မှာပါ။
ကျွန်တော့်ရဲ့ ပထမဆုံးသော fanfic,လောကကို စလှမ်းတဲ့ ခြေလှမ်းမှာ ယိုင်နဲ့တာတွေ၊ လဲကျတာတွေကို ဝေဖန်ပေးပြီး ချစ်ပေးကြလို့ အများကြီးကျေးဇူးတင်ပါတယ်။
လိုအပ်ချက်တွေရှိသေးတာလဲ ကျွန်တော်သိပါတယ်။
ဒီ့ထက်ပိုကြိုးစားပြီး ပြန်လာခဲ့ပါ့မယ်။
ဖတ်ပေး၊ ဝေဖန်ပေးတဲ့တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်ဗျ 🙇🙇🙇
![](https://img.wattpad.com/cover/250110335-288-k943563.jpg)
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်