*အားဝမ် ကျောင်းမသွားနဲ့အုံးနော်.!*
*ဟုတ်*
ဝမ်ကျဲလီ သူမပြောသမျှကို ခေါင်းလေး တညိမ့်ညိမ့်နဲ့ နာခံတတ်သည့် မောင်ငယ်လေး ပြန်ရောက်လာသလိုပင်။ အဖျားက အရှင်းမပျောက်သေးပေမယ့် တော်တော် သက်သာနေလေပြီ။ ငယ်ငယ်ကထဲက ပိုးမွေးသလို မွေးလာခံခဲ့ရသူမို့ အားဝမ်က ချူချာသည်။
*ကျဲ နေ့လည်စာ တစ်ခါထဲ ပြင်ပေးခဲ့တယ်နော်. .အားဝမ်။ ကျဲ သွားတော့မယ်*
*ဟုတ်..တာ့တာကျဲ*
ဝမ်ကျဲလီ သူမမောင်လေး၏ ဆံပင်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးပြီး အလုပ်သွားဖို့ ထွက်လာခဲ့ရသည်။ အခုရက်ပိုင်း မျက်နှာမကောင်းသည့် အားဝမ်က တစ်ခုခုကို စိတ်ဓာတ်ကျနေသည့်ပုံ။
ဘာမေးမေး မပြောသည့်အပြင် တစ်ခါတစ်ခါ ခိုးပြီးငိုနေတတ်သေးသည်မို့ သူမမှာ မမြင်ချင်ယောက်ခနခနဆောင်ရသည်။သေချာတာကတော့ ဟိုအကောင်နဲ့ ပြတ်သွားပြီထင်သည်။
ပြတ်သွားလို့ ဝမ်းသာပေမယ့် သူမမောင်လေး အခုလို ဖြစ်နေတာကိုတော့ စိတ်မကောင်း။ ဖြူဖျော့နေကာ ဘာမှလဲသိပ်မစားတော့။တစ်ခါတစ်ခါ အိမ်အပြင်ဘက်ကိုလဲ ငေးနေတတ်သေးသည်။
သူမအရမ်းများ သူမမောင်လေးအတွတ် လောဘကြီးနေသလားဆိုပြီး တစ်ခါတစ်ခါစဉ်းစားမိသေးသည်။ မောင်လေးကို ကောင်းစေချင်တာနဲ့ပဲ သူမကိုယ်တိုင် အားဝမ်၏ပျော်ရွှင်မှုတွေကို ဖျတ်ဆီးနေမိပြီလား?
___________________
ရိပေါ် တစ်ပတ်လောက် အချိန်ယူပြီးတော့ သူ့စိတ်က လန်းဆန်းမနေတော့ပေမယ့် နည်းနည်းစိတ်သက်သာရာ ရနေလေပြီ။ ဆိုင်ကယ်သံအကျယ်ကြီးတွေကြားလျှင် သူများလား ဆိုပြီးလမ်းဘက်ကို မျှော်ကြည့်တတ်သေးသည်။ Messageဝင်လာတိုင်း သူများလား ဆိုပြီး ယူကြည့်တတ်သေးသည်။ ကျောင်းမှာ ချာတိတ်ဆိုသည့် ခေါ်သံကြားတိုင်း အခါခါလှည့်ကြည့်မိတတ်သေးသည်။
ဒါပေမယ့် တစ်ပတ်သာပြည့်သွားသည် မျှော်သူက ပေါ်မလာ။ ရင်တွေလဲနာသည်။ စွန့်လဲစွန့်လွှတ်ချင်သည်။ တစ်ကယ်တမ်း စွန့်လွှတ်လိုက်လို့ ဝေးသွားမည့်ဒဏ်လဲ မခံနိုင်။ သူ ဦးကျန့်ကို ဒုတိယအကြိမ် ခွင့်လွှတ်ဖို့ တွေးမိနေပြန်သည်။
![](https://img.wattpad.com/cover/250110335-288-k943563.jpg)
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်