ရိပေါ် မနက်စာစားဖို့ ကျဲကိုစောင့်နေပေမယ့် ဆင်းမလာပေ။ စားပြီးသွားတာလားဆိုပြီး ကျဲအခန်းကို တိတ်တိတ်လေးသွားကြည့်လိုက်တော့ ကျဲကရှိမနေ။
ရိပေါ်တို့ ကျောင်းတွေလဲဖွင့်ပြီဖြစ်၍ ဦးကျန့်နဲ့လဲ အရင်လို တအားကြီးမတွေ့ဖြစ်။ ဦးကျန့်ကလဲ သူ့ကို တစ်ခါတစ်လေ လာတွေ့ပေမယ့် ခနလေးသာ။ရိပေါ် တစ်ယောက်ထဲ မနက်စာစားကာ လွယ်အိတ်လေးယူပြီး ကျောင်းသွားဖို့ပြင်ရသည်။ အရင်ကဆို အားဝမ် ဘာမေ့မယ်နော်၊ အားဝမ် စာသေချာလိုက်လုပ်နော် ဆိုပြီး တစ်ဖွဖွမှာသည့် ကျဲ အသံက အခုတော့ တိတ်ဆိတ်လျက်။
*မင်းနဲ့ ကျဲက အဆင်မပြေသေးဘူးလား အားဝမ်*
*ဟင့်အင်း.. ကျဲက ငါ့တောင် အတွေ့မခံတော့ဘူး*
ပြောရင်း ဝမ်းနည်းစိတ်က တိုးဝင်လာသည်။ မောင်နှမ နှစ်ယောက်ထဲရှိတဲ့ဘဝမို့ အခုလို အခြေအနေက သူ့အတွတ် အဆင်မပြေ။
*အဆင်ပြေသွားမှာပါကွာ..! မောင်နှမတွေပဲ*
ယွီပင်းစကားကို သူ သက်ပြင်းချလိုက်သည်။ မောင်နှမ နှစ်ယောက်ထဲ ရှိတဲ့ဘဝမို့ ဦးကျန့်ကို ရွေးချယ်လိုက်တဲ့ သူ့ရွေးချယ်မှုအပေါ် ကျဲက တော်တော်ဒေါသ ထွက်သွားသယောင်။
ရိပေါ်ကိုယ်တိုင်ကလဲ ဦးကျန့်ကို ရွေးမိလို့ နောင်တကို ရမနေခဲ့ဘူး။
___________________
*ကျွန်တော်နဲ့ ဦးကျန့်အကြောင်း ကျဲသိသွားပြီ*
ရှောင်းကျန့် မျက်နှာလေးငယ်ကာ အတော်ဝမ်းနည်းနေပုံရသည့် ချာတိတ်ကြောင့် ခပ်တင်းတင်းဖက်လိုက်သည်။အခုတလော အမြဲ သူတို့နှစ်ယောက်တွေ့ပြီဆို ရှောင်းကျန့်ပိုင်သည့် ကွန်ဒိုအခန်းလေးမှာသာ။ ချာတိတ် ကျောင်းပိတ်ရက်အချို့ကို ဒီကိုခေါ်လာပြီး စားကြသောက်ကြနှင့်ပင်။
*ဘာမှ မစိုးရိမ်ပါနဲ့။ ချာတိတ် အစ်မက ချာတိတ်ကို စိတ်ဆိုးတုန်းမို့ပါ အကြာကြီး မနေနိုင်ပါဘူး*
*ဒါပေမယ့် ကျဲက ကျွန်တော့်ကို စကားမေပြာဘူး*
ရှောင်းကျန့် သက်ပြင်းချမိသည်။ သူက ထိုလိုပြဿနာတွေကို မဖြေရှင်းတတ်။ ပြီးတော့ အဲ့လိုကိစ္စတွေက စိတ်ညစ်ညူးစရာတွေလို့ပဲ သတ်မှတ်ထားတယ်။ အသက်ပြည့်ပြီးသား လူငယ်မို့ လုပ်ချင်ရာ လုပ်ခွင့်ရှိသည်ဟု ရှောင်းကျန့်က ခံယူထားသည်။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်