*ငါ့ကို ရှပ်အကွက် တစ်ထည်လောက် ထုတ်ပေးထားစမ်းပါ..! ခနနေ ဧည့်သည်လာမှာမလို့*
ပြောလဲပြော ရိပေါ်ရှေ့ အဝတ်အစားတွေ ချွတ်နေသည့် ဦးကျန့်ကြောင့် သွေးတွေ တဒိတ်ဒိတ်ထိုးဆောင့်လာသလိုပင်။ ဒီလိုအခြေအနေမျိုးကြီးကို မရင်းနှီးတာ ၃နှစ်တောင်လေ။
*ဘာ..ဘာလို့..အဝတ်အစားတွေကို ဒီမှာချွတ်နေတာလဲ*
ရိပေါ်စကားကြောင့် ရှောင်းကျန့်က ဖြုတ်လက်စ ဘောင်းဘီကြယ်သီးကို ဆက်မဖြုတ်ပဲ ရိပေါ်ကို ကြည့်နေလေသည်။
*ငါက အဝတ်အစားတွေ ဒီမှာမချွတ်လို့ ဧည့်ခန်းသွားချွတ်ရမှာလား*
*မသိတော့ဘူးဗျာ..! တကယ်ပဲ*
ရှောင်းကျန့် သူ့ကိုကျောပေးကာ အလုပ်များချင်ယောင်ဆောင်နေသည့် ကောင်လေးကြောင့် ဟက် ခနဲရယ်ချမိသွားသည်။ နားရွက်ဖျားတွေ ရဲတက်နေပုံက တော်တော် ရှက်နေမှန်း သိသာသည်။
*ရှက်နေတာလား..!*
*ဘာ..ဘာလို့ ရှက်ရမှာလဲ*
ရှောင်းကျန့် သူ့စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်စွာလာသည့် ကောင်လေးကြောင့် အသဲယားပြီး ပိုစချင်လာသည်။
*အင်းပေါ့ ရှက်စရာတော့မလိုပါဘူး။ သားသားတောင် မွေးထားတာကို ဒီအခြေအနေလောက်ကတော့ ငါတို့ကြားမှာ ဘာမှမပြောပလောက်ပါဘူး*
*ဦးကျန့်.!!*
သူ့ဘက်ကို မျက်လုံးစုံမှိတ်ပြီးအော်လာသည့် ကောင်လေးကြောင့် ရှောင်းကျန့် ရိပေါ်နဖူးကို ခပ်ဖွဖွလေး လက်နဲ့ တောက်လိုက်သည်။
*အား..နားအူသွားပြီကွာ။ မင်း တော်တော် အော်နိုင်တာပဲ*
*ဦးကျန့် လာမစရင် မအော်ဘူး*
သူ့ကို ပေစောင်းစောင်းလေးကြည့်ပြီး ရှပ်အကွက်လေးထုတ်ကာ ကုတင်ပေါ် တင်လာသည့် ကောင်လေးက တစ်ကယ် ကလေးလေးလို ချစ်စရာလေးပါ။
*ငါစချင်အောင် မင်းကအရှက်သည်းနေတာကို*
*ဦးကျန့်..!!*
ရိပေါ် နောက်လှည့်အော်တော့ တဟားဟားရယ်ကာ ရေချိုးခန်းထဲ ဝင်သွားသည့်သူပင်။

YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်