ရိပေါ် သားသားမလာခင် အငိုရပ်ကာ မျက်နှာသစ်ပြီး ရေပါချိုးလိုက်သည်။ ထိုအချိန်ထိ ဦးကျန့်က အခန်းထဲ ဝင်မလာပါ။ ညနေကထဲက အခန်းထဲက ထွက်သွားတာ သားသားပြန်ရောက်လာသည်အထိ အခန်းထဲပြန်မဝင်ေပ။
*ဒက်ဒီရော..ပါးပါး*
*အလုပ်လုပ်နေတာ နေမှာပေါ့ သားသားရဲ့..!ပါးတို့ ညစာစားကြမယ်*
စကားများထား၍ ရိပေါ်မှာ ညစာစားဖို့ ဦးကျန့်ကို သွားမခေါ်။ သားသားစားဖို့ သေချာခူးခပ်ပြင်ပေးကာ ဇွန်းတပ်ပေးလိုက်သည်။
*ဟာ..ဒက်ဒီ့သားလေး ပြန်ရောက်လာပြီလားကွ*
အလုပ်ခန်းထဲကနေ ဒယိမ်းဒယိုက်ထွက်လာသည့် ဦးကျန့်က သားသားကိုလဲ မြင်ရော ကိုယ်ရှိန်သပ်ကာ သားသား ပါးတွေကို မွှေးကြူနေလေသည်။
*ဒက်ဒီ့ဆီက အရက်စော်ကြီးနံတယ်*
*ဒက်ဒီက..နည်းနည်းလေး..နည်းနည်းလေးပဲ သောက်ထားတာပါကွာ*
သားသားဘေး ဝင်ထိုင်လိုက်သည့် ဦးကျန့်က အရှိန်မထိန်းနိုင်ပဲ လဲကျမလို ဖြစ်သွား၍ ခုံကို အားပြုကိုင်လိုက်သောကြောင့် နည်းနည်းရုပ်ပျက်သွားလေသည်။
*ဒက်ဒီက အရက်သမားကြီး..!!*
ယိုင်ထိုးနေသည့်အပြင် အကျီရင်ဘတ်ဟပြဲနဲ့ သူ့ဒက်ဒီ့ကို သားသားက ကြောက်နေဟန်။ သားသားရှေ့ အခုလောက်ထိ ရုပ်ပျက်အောင် ဦးကျန့်က တစ်ခါမှ မနေခဲ့ဖူးပေ။
*ဦးကျန့် မူးနေရင် အိပ်လိုက်ပါလား..?*
*မင်းပါးစပ်ကိုပိတ်ထားလိုက်*
စားပွဲကို ထုပြီး အော်လာသည့် ဦးကျန့်ကြောင့် သားသားက လန့်ပြီး ငိုသွားသလို ရိပေါ်ကလဲ မျက်ရည်တွေ ကျလာသည်။
ရန်ဖြစ်လို့သာ သူတစ်ပြန် ကိုယ်တစ်ပြန်အော်ဖူးပေမယ့် အခုလိုကြီးတော့ မအော်ဖူးပါ။ရိပေါ် ဝမ်းနည်းစိတ်ကြောင့် ကျလာသည့် မျက်ရည်တွေကို လျစ်လျူရှုကာ ငိုနေသည့် သားသားဆီ သွားရသည်။
*ဒက်ဒီ့သားလေးက လန့်သွားတာလား..အေ့..! သားလေးရာ..*
ဦးကျန့်က သားသားပါးတွေကို ဖျစ်ညှစ်ကာ ချော့ပေမယ့် အငိုမတိတ်တော့ပေ။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်
