*ဘာကြေးလဲ..! ကြေးမပါရင်တော့ ပွဲက ပျင်းစရာကြီး*
ရှောင်းကျန့် သူ့ရှေ့က ဝန်ကြီးသားဆိုတဲ့ကောင်ကို မျက်ခုံး ပင့်ကြည့်လိုက်သည်။ဝန်ကြီးသားဆိုပြီးသာ မာန်တက်နေတာ ရှောင်းကျန့်တို့နဲ့ လွတ်လွတ်ကင်းကင်း သူ့အဖေကမနေနိုင်။
ရှောင်းကျန့်က ဆိုင်ကယ်စီးသည့်နေရာမှာ ပြိုင်ဘက်ကင်း။ Racerစစ်စစ်တွေနဲ့တောင် တရားမဝင်ပြိုင်လျှင် ဗိုလ်ဆွဲနေကြ။ ဒါကို ဝန်ကြီးသားဆိုသူက ဖင်ယားကာ လာစိန်ခေါ်ခြင်း။
*ဘာကြေးလုပ်လိုက်ရမလဲ ဟေ့ကောင်တွေ*
ရှောင်းကျန့် သူနဲ့အတူပါလာသည့် ဝူယဲ့တို့ကို မေးလိုက်တော့ ဝန်ကြီးသားရဲ့ဘေးက ခပ်လန်းလန်းကောင်မလေးဆီ မေးငေါ့ပြကြသည်။ မဆိုးပါဘူး အကျီခါးပြတ်ကို ရင်ဟိုက်နှင့် ပေါင်လည်ထက်ကို တိုနေသည့် ဂျင်းတိုလေး။ ရုပ်လေးကလဲ ချစ်စရာကောင်းနေတာပဲ။
*မင်းဘေးကစော်လေးနဲ့ ငါတွဲမယ်။ မင်းက လစ်လိုက်*
ကောင်မလေးက ပြုံးလာကာ ရှောင်းကျန့်ကို အထာတွေစပေးတော့သည်။ အစောကထဲက ရှောင်းကျန့်ကို သူမက အထာပေးနေခြင်း။ ရှောင်းကျန့်က သူ့ကို မကြည့်တာကြောင့်သာ မမြင်တာပင်။
*ဒါနဲ့ သူ့ကိုလိုချင်လို့ ပြိုင်တာမဟုတ်ဘူးနော်..! မင်းဆီမှာ ငါလိုချင်တာ ဘာမှမရှိလို့။ နောက်ဆုံး မင်းအခုဆိုင်ကယ်ကတောင် ငါ့လောက်ဈေးမရှိဘူးလေ။ အဲ့တော့ ခုတွဲနေတဲ့ မင်းစော်လေးကို ငါကအပျင်းပြေ*
ရှောင်းကျန့်စကားကြောင့် နောက်ကဝူယဲ့တို့ကပါ ရယ်လာကြသည်။ ဝန်ကြီးသားဆိုသူက ဒေါသတွေထွက်ကာ
*အခုပဲ စကြတာပေါ့*
ရှောင်းကျန့်လက်ကို အိုခေ ပုံစံလုပ်လိုက်ကာ ဆိုင်ကယ်ပေါ် တက်ခွလိုက်သည်။ သူတို့ဆီမှာ တရားမဝင်ပွဲပေမယ့် ဒိုင်တွေကအစရှိသည်။ အလံကိုင်မယ့် မိန်းကလေးတွေကအစ။ အကုန်လုံးက ရှောင်းကျန့်ဘက်က လောင်းကြေးထည့်ကြသလို ဝန်ကြီးသားဘက်က သူ့နောက်လိုက်ကောင်တွေပဲ ရှိသည်။
*Go..!*
ရှောင်းကျန့်တို့ တာထွက်သည်နှင့် အကုန်လုံးက ရင်ခုန်နေပေမယ့် ဝူယဲ့တိူ့လေးယောက်က ဆေးလိပ်ထိုင်သောက်ကာ အနားယူနေလေသည်။ ရှောင်းကျန့်နိုင်မယ်ဆိုတာ အဂ်ါဂြိုလ်က လှမ်းကြည့်ရင်တောင် မြင်နေရတာကို စောက်ပိုတွေ လုပ်နေကြတာပင်။
![](https://img.wattpad.com/cover/250110335-288-k943563.jpg)
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်