*ဒယ်..*
ရှောင်းကျန့် ကုမ္ပဏီက ပြန်လာတာကို မြင်သည်နှင့် သားသားက ချာတိတ်လက်ထဲကနေ ကော့လန်ထိုးကာ ရှောင်းကျန့်ကို ချီခိုင်းနေသည်။
*ဒက်ဒီ့သားလေးက ဒယ့်ကိုလွမ်းနေတာလား..!*
ချာတိတ်ကို သူ့အိတ်ပေးလိုက်ကာ သားသားကို လက်ပြောင်းချီလိုက်သည်။ တခစ်ခစ်ရယ်နေသည့် သားသားက ဘာကို သဘောကျနေသည်မသိ။
ဝမ်ကျဲလီက နယ်ဆင်းသွား၍ တစ်အိမ်လုံးမှာမှ သူတို့သားအဖ သုံးယောက်ထဲပင်။
*သားသား ဒက်ဒီနားပါစေ။ လာ..ပါးပါးဆီ..!!*
*No...*
စကားမပီမသလေး ပြောတတ်ကထဲက ငြင်းလျှင် no၊ လက်ခံလျှင် yesဆိုပြီး သားသားကို သင်ပေးထားတာပင်။ ရှောင်းကျန့်လည်ပင်းကို လက်သေးသေးလေးတွေနဲ့ သိုင်းဖက်လာသည့် သားသားက သူ့ပါးပါးဆီ မသွားဘူးဆိုသည့် သဘော။
*အခန်းထဲရောက်မှ ချော့ခေါ်လိုက်ပါ။ သားသားက အခုတော့ လိုက်မှာ မဟုတ်လောက်ဘူး*
*အဲ့သားသားက အမြဲတဇွတ်ထိုး..! နေ့လည်တွေ ဦးကျန့်မရှိတော့ ကျွန်တော်နဲ့ ကပ်တယ်။ အခု ဦးကျန့်လာရင် ကျွန်တော့်ကို ရှိတယ်လို့တောင် မထင်ဘူး*
စူပုပ်ပုပ်လေးနဲ့ ပြောနေသည့် ချာတိတ်က ကလေးအဖေဆိုတာ ယုံချင်စရာတောင်မရှိ။ အရင်ကထက် ပိုချစ်စရာကောင်းလာသလို အသဲယားစရာလေးပင်။သားသားလေး ၂နှစ်ကျော်သွားသည်အထိ သူ့ကိုလက်ခံသည်လဲ မဟုတ်၊ ငြင်းသည်လဲ မဆို။ ဒီတိုင်းလေးသာ ပုံမှန်အတိုင်း ဆက်ဆံလေသည်။
*သားသားက ကိုယ့်ကို လွမ်းနေလို့ပါကွာ။ ချာတိတ်နဲ့ကျ တစ်နေကုန်နေရတယ်လေ..! ကိုယ်နဲ့ကကျ အလုပ်ကပြန်လာမှ တွေ့ရတာကို*
ချာတိတ်နဲ့စကားပြောနေတုန်း သူ့ပါးကို လာနမ်းသည့် သားကြောင့် ရှောင်းကျန့်မှာ သဘောကျမဆုံးဖြစ်နေတော့သည်။ သားသားက ချာတိတ်နဲ့တူတာဆိုလို့ ပါးဖောင်းဖောင်းလေးနဲ့ အသာဖြူတာပဲ ရှိသည်။ ကျန်တာက ရှောင်းကျန့်ပေါက်စလေးအတိုင်း။
*ရေချိုးတော့လေ..! ခနနေရင် ညနေစာစားရအောင်။ သားသားကိုလဲ အားဖြည့်စာကျွေးရအုံးမှာ*

YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်