*ရိပေါ်ကို အောက်ထပ်မှာပဲ ထားတော့လေ..! ကြာရင် တက်လိုက်ဆင်းလိုက်နဲ့ အဆင်မပြေဘူး*
*ဟုတ်တယ်..! အောက်ထပ်က အခန်းထဲ မင်းနဲ့အတူတူနေခိုင်း။ ကလေးက မွေးခါနီးနေပြီ တော်ကြာ ဗိုက်တွေဘာတွေနာရင် ဘယ်သူမှ မသိပဲနေမယ်*
ဝူယဲ့နဲ့ မင်ဟန့်စကားကြောင့် ရှောင်းကျန့်က တွေးသလို ခေါင်းညိမ့်ပေမယ့် ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသည့် ချာတိတ်ကို လှမ်းကြည့်ရသေးသည်။
ကိုးလကျော်လာသည့် ရိပေါ်ကို မျက်စိအောက်က အပျောက်မခံကြပဲ အကုန်လုံးက အားသည်နှင့် ရိပေါ်ဆီသာ လာကြသည်။
*အဲ့လိုလုပ်မှပဲလေ..! မဟုတ်ရင် တစ်ခုခုဖြစ်လို့ ဘယ်သူမှ မသိပဲ နေမှာပေါ့*
ဝမ်ကျဲလီက ကော်ဖီဗန်းကိုင်ကာ စကားဝိုင်းထဲဝင်လာပြီး သူတို့သောက်ဖို့ ကော်ဖီတွေ ချပေးလေသည်။ ချာတိတ်အရှေ့မှာတော့ နွားနို့ခွက်လေးဖြင့်။
*ရှောင်းကျန့် မင်းလဲ ကလေးကိုဂရုစိုက်။ တစ်ဆိတ်ရှိ ဒေါသပဲ ထွက်မနေနဲ့။ အလုပ်တွေကို ငါ မင်းအတွင်းရေးမှူးနဲ့တိုင်ပင်ပြီး mailနဲ့ လှမ်းပို့ပေးမယ်*
*အေးပါကွာ*
ရှောင်းကျန့် ကော်ဖီယူသောက်ရင်း ချာတိတ်ဆီ လှမ်းကြည့်လိုက်တော့ သူ့ကိုကြည့်နေသည့် ချာတိတ်ကြောင့် ဘာလိုချင်လို့လဲဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြလိုက်တော့ သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး ပြန်လှည့်သွားသည်။
ဒီကလေးက တစ်ကယ်အသဲယားစရာကောင်းအောင် နေတတ်လိုက်တာ။
____________________
*အား..ကျွတ်. ..ကျွတ်*
ရှောင်းကျန့် မင်ဟန်လှမ်းပို့ထားသည့် mailကို ပြန်စစ်ရင်း အတော်ကြာမအိပ်သေးပဲ အလုပ်လုပ်နေတုန်း ချာတိတ်ဆီက ညည်းညူသံကြောင့် သူ ထရပ်ကာ ချာတိတ်အိပ်နေသည့်ဘေး သွားထိုင်လိုက်သည်။
*ဘာဖြစ်လို့လဲ ချာတိတ်*
*ခြေချောင်းတွေ ခြေထောက်တွေ အရမ်းကိုက်နေတယ်..! အင့်*
*ဟုတ်လား ခန ကိုယ်လုပ်ပေးမယ်*
ဗိုက်လေးက အတော်ပူလာပြီဖြစ်၍ အထိုင်အထကအစ ချာတိတ်က ဂရုစိုက်နေရသည်။ ရှောင်းကျန့် ချာတိတ် ညဝတ်ဘောင်းဘီလေးကို ဒူးအထက်ထိ လိပ်တင်ကာ ခြေသလုံးလေးတွေ၊ ခြေချောင်းလေးတွေကို နှိပ်ပေးလိုက်သည်။

YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်