*ပါးပါးတို့ရော*
ရိပေါ် တစ်ခါမှမရောက်ဖူးသည့် ဦးကျန့်တို့အိမ်ကြီးက ခန့်ခန့်ညားညား တည်ရှိနေလေသည်။ အိမ်အကူတွေတင် အယောက် ၃၀လောက် ရှိလိမ့်မည်။ ကြမ်းပြင်တွေဆို မှန်တောင် ကြည့်လို့ရသည်အထိ။
*ဘဘကြီးတို့က အပြင်ထွက်သွားတယ် အကိုလေး*
*အေးအေး*
ရိပေါ်စားဖို့ မုန့်ပြင်ခိုင်းထားပြီး မုန့်လာချပေးသည့် ကောင်မလေးက ဦးကျန့်အမေးကို ခေါင်းလေးငုံ့ကာ ဖြေလေသည်။
*စားလေ ချာတိတ်*
*ဟုတ်*
ရိပေါ် ကိတ်အိအိလေးကို စားလိုက်ကာ မျက်လုံးတွေက တစ်အိမ်လုံးကို လိုက်ဝေ့ကြည့်နေမိသည်။ လှလိုက်သည့် အိမ်ကြီးပင်။
*ချာတိတ် စားပြီးရင် တစ်နေရာခေါ်သွားစရာ လိုက်ခဲ့ပေးနိုင်မလား*
*ဟုတ်*
ရိပေါ် ကိတ်လေးနဲ့အအေးကို ခပ်မြန်မြန်စားကာ လက်စသတ်လိုက်သည်။ ရိပေါ် စားဖူးသမျှထဲ အကောင်းဆုံး ကိတ်ပင်။ အိနေတာပဲ။
*သွားရအောင်လေ ဦးကျန့်*
*အိုခေ*
ဦးကျန့်ကလဲ သူဝတ်ထားသည့် တီရှပ်ကို နည်းနည်းဆွဲချလိုက်သေးသည်။ ရိပေါ်ကို အဝတ်အစား ထုတ်ပေးထားသည့် ဦးကျန့်က လူကြီးဆန်ဆန်လေး ရွေးပေးထားခြင်း။
ဦးကျန့်ကိုယ်တိုင်ကလဲ တီရှပ်လက်ရှည်အဖြူကို စတိုင်ပန်မ် အနက်လေးဖြင့် ရိုးရိုးရှင်းရှင်းလေး တွဲဝတ်ထားသည်။
*ကိုယ် မင်းကို မျက်လုံးစည်းပေးလို့ ရနိုင်မလား*
ပန်းခြံတစ်ခုရှေ့အရောက် ရိပေါ်ကို မျက်လုံးစည်းပေးဖို့ တောင်းဆိုလာသူကို ရင်တွေခုန်ပြီး ခေါင်းညိမ့်လိုက်မိသည်ထင်။ ရိပေါ် မျက်လုံးကို ခပ်နက်နက် ပိတ်စတစ်ခုနဲ့ ချည်နှောင်လိုက်သည်။
ဒီအခြေအနေတွေက ဇာတ်ကားထဲမှာပဲ ရှိသည်မဟုတ်ဘူးလား။ ရိပေါ် မျက်လုံးတွေကို စည်းနှောင်ပြီးမှ သူ့ဘက်က ကားတံခါးကို လာဖွင့်ကာ လက်တွဲပြီး ဆင်းစေလေသည်။

YOU ARE READING
Restart
Fanficဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်