*ကျောင်းတက်ရတာနဲ့ ပြဿနာကစပြီ..! အဲ့ကောင်က မင်းဖုန်းနံပါတ် ဘယ်လိုရတာလဲ*
*မသိဘူး*
*မင်း..!*
မင်းနဲ့ ငါနဲ့ပြောဆိုနေသည့် ဦးကျန့်မျက်နှာကြီးကို မမြင်ချင်စွာ ကုတင်ပေါ်မှာထိုင်ရင်း မျက်နှာလွှဲမိတော့ ရှေ့တည့်တည့်လာရပ်သည်။
*ငါ မေးနေတုန်းဖြေနော်..! အဲ့ကောင်က ဘယ်ကကောင်လဲ*
*ကျွန်တော်မှ မသိတာ*
ငိုသံပါလာသည့် ရိပေါ်အသံကြောင့် ရှောင်းကျန့်က လေပူတွေ မှုတ်ထုတ်ပြီး တက်ခေါက်သည်။
ပြဿနာက မက်ဆေ့ ရိပေါ် ဖုန်းထဲ ဝင်လာခြင်းမှ စတော့သည်။ ရိပေါ်ဖုန်းကို ရှောင်းကျန့်က ယူမစစ်တတ်ပေမယ့် ဒီနေ့တော့ ဖုန်းတဂွမ်ဂွမ်လာနေသည့်အပြင် ရိပေါ်ကလဲ ရေချိုးခန်းထဲ ရောက်နေလို့ ကိုင်လိုက်ခြင်းပါပဲ။
*မင်းကသာမသိဘူးပြောနေတာ။ ဟိုက တညီညီနဲ့ ချီးလိုတွေ ပို့နေတာလေ*
*ဘာလို့ လာဆဲနေတာလဲ*
ရိပေါ် ခပ်ဆက်ဆက်အော်တော့ ရှောင်းကျန့်က ခါးပေါ်မှာ လက်ထောက်ပြီး တက်တခေါက်ခေါက်။
*ငါမေးတာဖြေစမ်း..! အဲ့ကောင်နဲ့က ဘာတွေလဲ..! မင်းဖုန်းနံပါတ် ဘယ်ကရတာလဲ*
*ကျောင်းမှာ ကျောင်းအပ်ရင် ဖုန်းနံပါတ်ပေးရတာကို အဲ့ကနေ သိတာနေမှာပေါ့။ သူ့ကိူလဲ ကျွန်တော်မှမသိတာ*
*အေး တစ်ခါထဲ အပြတ်ပြောမယ်နော် ချာတိတ်..ငါ ဘာသံညာသံကြားလို့ကတော့ ၂ယောက်လုံး သေမယ်*
ရိပေါ် ဦးကျန့်မျက်နှာကြီးကို ခပ်ဆက်ဆက် မော့ကြည့်လိုက်သည်။ ရိပေါ်ကို ပြန်ကြည့်သည့် ဦးကျန့်မျက်ဝန်းတွေကလဲ နီရဲကာ ဒေါသငွေ့တွေနှင့်။
*အဲ့တာဘယ်သွားမှာလဲ*
တံခါးဆီဦးတည်သွားတဲ့ ရိပေါ်လက်မောင်းေသးသေးလေးကို လာဆွဲသည့် ဦးကျန့်လက်ကို ပုတ်ထုတ်ဖြစ်သည်။
*ကျဲဆီသွားမှာ။ သားသားလဲ ပါးရှောင်ဆီမှာကို ဒီည ကျဲဆီမှာ အိပ်မှာ*
*မအိပ်ရဘူး*
တံခါးရှေ့ကို ပိတ်လာရပ်သည့် ဦးကျန့် ရင်ဘတ်ကြီးကို ရိပေါ် တဘုန်းဘုန်း ထုပစ်သည်။
![](https://img.wattpad.com/cover/250110335-288-k943563.jpg)
YOU ARE READING
Restart
Fiksi Penggemarဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်