Part1️⃣

3.4K 87 1
                                    

လှပ‌သော. . အမုန်း ( အပိုင်း ၁ )
(Unicode)

😏 😏 😏 😏 😏

ဒီနေ့ပြုရတဲ့ ကုသိုလ်အစုစု အားလုံးကို
အမျှပေးဝေပါတယ် . .

သာဓု . .သာဓု .. သာဓု ..

လှူဖွယ်ပစ္စည်းတွေနေ လာနေကြ ဘုန်းကြီးကျောင်းမှာ ကုသိုလ်ပြုပြီး ငါးစာကျွေးဖို့အတွက်
ငါးကန်ကြီးဘက်ကို ဒေါ်ကေသီ လျှောက်လာ
လိုက်တယ် . .

" Gulf.. Gulf . မဟုတ်လား ကလေး "

" သား Gulf မဟုတ်လားဟင် ချင်းမိုင်ကလေ"

သူ့အနားကို ငါးစာထည့်ထားတဲ့ ခွက်လေးကို
လာပေးတဲ့ ဘုန်းကြီးကျောင်းသားကောင်လေး ရဲ့ ပိန်သေးသေးလက်မောင်း‌လေးကို အားပါးတရဆုပ်ကိုင်ပြီး အံ့ဩစွာဒေါ်ကေသီမေးလိုက်မိတယ် . .

ဟုတ်ပါတယ် အန်တီ ကျွန်တော်နာမည် Gulf ပါ

ခုနက သူတို့ဘုန်းကြီးကျောင်းမှာ အလှုလာလုပ်သွားတဲ့ အန်တီကြီးက သူ့လက်မောင်းကို ဆုပ်ကိုင်ပြီး မေးလိုက်တာကြောင့် Gulf ခေါင်းလေးညိတ် ကိုယ်လေးကိုင်းပြီး ပြန်ဖြေလိုက်တယ် . .

"ဟယ် ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ . .
သား မိဘတွေရော ဦးထွန်းတို့ ဒေါ်စံပယ်တို့လေ
နောက်ပြီး သားအကိုရော ကလေး . ."

"သူတို့မိဘတွေအကုန် ခရီးသွားရင်း
ကားမှောက်လို့ ဆုံးကုန်ကြပြီ ဒကာမကြီး . .
တော်တော်လေးတောင် ကြာ‌လှပြီ . ."

"Gulf တစ်ယောက်ပဲ ကျန်ခဲ့တာ . ."

Gulf အနားကို ရောက်လာတဲ့ ကျောင်းထိုင်ဘုန်းကြီးက ဒေါ်ကေသီ မေးခွန်းကို ဝင်ပြီးဖြေ‌ပေးလိုက်တယ်

"ဒါဆို သူ့မိဘ အလုပ်တွေကရော ဘုန်းဘုန်း . ."

ချင်းမိုင်မြို့မှာ အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့
သူဌေးမိသားစုမို့ဒေါ်ကေသီ မေးမိလိုက်တယ်

"မိဘနှစ်ဦးနဲ့ အကိုဖြစ်သူပါ ဆုံးပါးသွားကြတော့
ရှိတဲ့ ဆွေမျိးနီးစပ်တွေက Gulf မိဘတွေရဲ့
စီးပွားလုပ်ငန်းတွေ အကုန်လုံးကို လက်ဝါးကြီးအုပ် သိမ်းလိုက်ကြတယ်လေ . ."

"Gulf ကလည်း ငယ်သေး‌တော့ ဘာမှမသိ
နားမလည် သူတို့လုပ်သမျှ ခံရတာပေါ့ . .
သူ့မိဘစီးပွားတွေတော့ လုယူပြီး သူ့ကိုကြ
တာဝန်မယူချင်ကြဘူးလေ . .

လှပသောအမုန်း Where stories live. Discover now