လှတယ် နွယ်ရယ် သိပ်ကိုလှတယ်၊ တန်ဖိုးမဖြတ်နိုင်အောင်လှတယ် အသက်ရှူမဝနိုင်အောင်လှတယ်။ 'လှလွန်းလို့ ယွန်းနဲ့ မထိုက်တန်သလိုခံစားရတယ်' _________________________________________________ နှိုင်းခနွယ်_-_ကျွန်မ ရဲ့အေးစက်တောင့်တင်းနေတဲ့ နှလုံးသားတစ်ခုလုံး နွေးထွေးသွားအောင်လုပ်နိုင်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ သူမရဲ့ မေတ္တာက ညကောင်းကင်က လရောင်လို ကျွန်မရဲ့မှောင်မိုက်နေတဲ့ လောကကြီးကို အလင်းနဲ့ နွေးထွေးမှုတွေပေးစွမ်းတယ်။ သူမက ကျွန်မ ရဲ့ နွေးထွေးမှုလေး၊ ကျွန်မရဲ့ အလင်းပြလေး၊ ကျွန်မရဲ့ လမင်းလေး၊ ကျွန်မရဲ့ ယွန်းလေး။ ယွန်းဧကရီ_-_တစ်ချို့ အရာတွေက ပိုင်ဆိုင်ဖို့မဖြစ်နိုင်ဘူး၊ အထူးသဆင့် သဖြင့် နွယ့်လို ပြီးပြည့်စုံတဲ့လူတစ်ယောက်ကိုပေါ့။ ရူးလောက်အောင်ချစ်မိပါတယ် နွယ်ရယ်။