Prologue

17.7K 1K 26
                                    

(Zaw Gyi)

အခန်းတစ်ခန်း ။
လုံးဝကို ပိတ်ပိန်းနေအောင် မှောင်နေတာမျိုးမဟုတ်ပေမယ့် စိတ်ကအမှောင်ချထားလို့ အလင်းရောင်ပျပျ ဖောက်နေပေမယ့် မှောင်နေတယ်လို့ ထင်ရတဲ့အခန်းတစ်ခန်း ။

ယင်နဲ့ယန်ဓါတ်လိုမျိုး ဆန့်ကျင်ဘက်ပေမယ့် လိုက်ဖက်ညီတယ်လို့ယူဆရတယ်ဆိုပြီး တပ်ထားတဲ့ လိုက်ကာအဖြူလွလွတွေက မှန်ပြတင်းပေါက်က တိုက်ခတ်လာတဲ့လေကြောင့် အခန်းတွင်းကို ပြန်လည် လွင့်ဝဲလို့ ။

ခြေသံတရှပ်ရှပ်ကို သူကြားရတယ် ။
နီးကပ်လာတဲ့ အရိပ်နွေးနွေးကိုရော ..
စည်းချက်မညီတဲ့ အသက်ရှုသံကိုရော ..
သူသတိထားမိတယ် ။

"အောက်မှာ သတင်းထောက်တွေရောက်နေတယ် .."

"အင်း .."

"သူတို့က မင်းနဲ့ တွေ့ချင်နေကြတယ် ..
ပြီးတော့ .. မင်းနဲ့ ကိုယ့်အကြောင်းကို သိချင်နေကြတယ်"

"ခင်ဗျားကရော မဖြေရှင်းခဲ့ဘူးလား"

"ဟင့်အင်း "

Cigarette နံ့သင်းနေတဲ့ နှုတ်ခမ်းလွှာတစ်စုံနဲ့ ထိုသူက သူ့ကို မက်မက်မောမော နမ်းရှိုက်လာတယ် ။
အပြင်မှာရှိနေတဲ့ လူတစ်စုကို ဥပေက္ခာပြုထားပြီး သူ့ရှေ့က ဖြူလျော့လျော့ကောင်လေးကိုပဲ အမဲဖျက်သလိုနမ်းရှိုက်နေတဲ့ ထိုသူက သိပ်ဆိုးတာပါပဲ ။

သုံးမိနစ်ကျော်လောက်ကြာတော့မှ အသက်ရှူမဝတော့တာကြောင့် အတင်းရုန်းထွက်တော့ ထိုသူက လှိုက်လှိုက်မောမော ရယ်ပါတယ် ။

"ဖြေရှင်းစရာမှ မလိုပဲ ..
မင်းက အနုပညာရှင် ..
ကိုယ်က မြို့တော်ဝန် ..
ယောက်ျားချင်း ဘာပတ်သတ်မှုကို သူတို့က ဖော်ထုတ်ချင်နေကြတာလဲ ?"

ထိုသူက သူ့ခါးကို ဖက်တွယ်ခါနီးလုပ်တဲ့အခါ သူက ထိုလက်အစုံပေါ်ကိုပဲ မှီချလိုက်ရတယ် ။
ထိုသူက သူ့ကို ယိမ်းမူးနေအောင်လုပ်တယ် ။
ပြီးတော့ ထိုသူကို ချည်နှောင်စရာက ..
ဒီ အထိအတွေ့တွေပဲရှိတယ် ။

နောက်နေ့ကျရင် သူ့ manager မမြင်အောင် ဒီ hickey တွေကို ဖုံးရမယ် ။
ဆိုင်ကယ်စီးတဲ့အခါ ထိုင်ရတာ သက်သာစေဖို့ ဒီလူသူ့ကို ခါးကျိုးအောင်မလုပ်ဖို့လည်း သူဆုတောင်းတယ် ။

My MuseWhere stories live. Discover now