07

6.1K 826 62
                                    

(Zaw Gyi)

ရှန်ဟိုင်းတက္ကသိုလ် နှစ် (၇၀) ပြည့်အခမ်းအနား။

ဒီပွဲကို ရှောင်းကျန့်က ကိစ္စနှစ်ခုကြောင့် တက်ရောက်ရတယ်။
တစ်အချက်က သူကမြို့တော်ဝန်ဖြစ်နေလို့။
နှစ်အချက်က သူကဒီတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းဖြစ်နေလို့။
လဲ့အာက လိုက်လာချင်ပေမယ့် Europe ဘက်မှာ သတင်းယူစရာရှိတယ်ဆိုပြီး ထွက်သွားပြန်တယ်။
မိန့်ခွန်းရယ် ကျောင်းသားဟောင်းအမှာစကားရယ် ပြောပြီးတဲ့အချိန် ပွဲရဲ့ အရှေ့ဆုံးခုံမှာ သူတစ်ယောက်တည်းထိုင်နေရပါတယ်။

"အခုကစပြီး ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပတော့မှာမလို့ ဧည့်ပရိတ်သတ်များ နေရာယူပေးကြပါရှင်"

ဖျော်ဖြေရေးအစီအစဉ်ဆိုတော့ သူဆက်ထိုင်နေစရာအကြောင်းမရှိတော့။
နောက်နေ့ကျရင် အိမ်ပြာတော်ကအစည်းအဝေးရှိတယ်။
မြို့တော်ဝန်တွေအကုန်ထိပ်သီးဆွေးနွေးပွဲလည်းရှိသေးတယ်။
ထဖို့ပြင်လိုက်ပြီး အင်္ကျီကို သေချာဆွဲချလိုက်တယ်။
ပြန်တော့မယ် ။

"ပထမဆုံး ဖျော်ဖြေမှာကတော့ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း အနုပညာရှင် ဝမ်ရိပေါ်ဖြစ်ပါတယ် !"

မိန်းကလေးတွေရဲ့ အော်သံက ဟိန်းကနဲ။
ပြီးတော့ ရှောင်းကျန့်ရင်ဘတ်ကလည်း ဒိန်းကနဲ။
ဝမ်ရိပေါ်က ဒီကျောင်းကဆိုတာကို သူတစ်ချက် သတိမထားမိခဲ့တာပဲ။

နှစ်ပတ်ကျော်ပြီ။
တိတိကျကျပြောရရင် နှစ်ပတ်နဲ့ သုံးရက်ရှိပြီ။
အဲ့နေ့ညပြီးကတည်းက ဝမ်ရိပေါ်နဲ့သူမတွေ့ရတာ နှစ်ပတ်နဲ့ သုံးရက်ရှိပြီ။

"လဲ့အာက ခင်ဗျားသတို့သမီးလောင်းဆိုတာ ဘာလို့မပြောတာလဲ ?"

"မင်းမှမဟုတ်ဘူး .. ဘယ်သူ့ကိုမှလည်း မပြောထားဘူး။ မြို့တော်ဝန်ကိုတောင် လုပ်ကြံချင်လုပ်ကြံနေနိုင်မယ့် နိုင်ငံရေးမှာ ကိုယ်နဲ့ပတ်သက်တဲ့သူတွေအကုန်လုံးကို ထုတ်ဖော်မပြချင်ဘူး"

"ခင်ဗျားက အတ္တကြီးလိုက်တာ"

ညက သူကိုက်ဆွဲပြီးနမ်းထားလို့ ပေါက်ပြဲနေတဲ့နှုတ်ခမ်းကွဲရာလေးက ယောင်နေသေးတယ်။
ဝမ်ရိပေါ်က အရုပ်ကြိုးပြတ်လိုမျိုး အိပ်ရာပေါ်ထိုင်နေပြီး ဘေးကလိုက်ကာအဖြူတွေကို လိုက်ငေးနေတော့တာပဲ။

My MuseWhere stories live. Discover now