02

6.7K 870 44
                                    

(Zaw Gyi)

အမြင့်ကိုတက်လှမ်းလာတာနဲ့ တစ်ပြိုင်နက် မျက်နှာဖုံးတွေက သိပ်များတယ် ။
ဒါပေမယ့် ဒါဟာ ရှောင်းကျန့်အတွက် သိပ်အသားကျနေခဲ့ပြီ ။

"နောက် အချိန်ဇယား ?"

"ဗြိတိန်သံအမတ်နဲ့ တွေ့ဖို့ရှိပါတယ် ။"

"သိပြီ ။ formal or informal ?"

"Informal ပါ ။ ဗြိတိန်ဝန်ကြီးချုပ် ယဉ်ကျေးမှုဖလှယ်ပွဲမလာခင် မြို့တော်ဝန်နဲ့ အရင် ညှိထားချင်လို့ပါတဲ့ "

"Okay ! ကိုယ့်ကို ရေအေးအေးလေးတစ်ခွက်အရင်ပေးထား ။
စားသောက်ဆိုင်ကို informal မလုပ်လိုက်နဲ့ ။
Five star hotel ထဲက ထန်ခေတ် အပြင်အဆင်ရှိတဲ့ စားသောက်ခန်းကိုရွေးထားပေး ။
British cuisine ရနိုင်တဲ့ နေရာလည်းဖြစ်ရမယ် ။"

"ဟုတ်ကဲ့ "

အတွင်းရေးမှုးက အပြင်ထွက်သွားတော့ Necktie ကို ခပ်လျော့လျော့ဆွဲပြီး ဖုန်းကိုစစ်လိုက်တယ် ။
ဘယ်သူမှ ဆက်ထားတာမရှိ ။
တခြားသူတွေဆီကရော ။
အင်း .. ဝမ်ရိပေါ်ဆီကရော ။

"မြို့တော်ဝန် .. ဒီမှာရေရပါပြီ ။ အပြင်မှာ မမလေးလဲ့အာရောက်နေပါတယ် ။"

"အင်း ခေါ်လိုက် ။"

လဲ့အာ ။
သူ့ကို ကျောင်းကတည်းက ကျိတ်ချစ်နေတဲ့ ဂျူနီယာမလေး ။
Shanghai Times သတင်းတိုက်ရဲ့ အထက်တန်း သတင်းထောက် ။
ခုနပဲတွေ့လာတဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒုတိယမြောက်သမီး ။
ပြီးတော့ သူ့ရဲ့ သတို့သမီးလောင်း ။

"အကိုရှောင်း "

"အင်း လဲ့အာ "

"နေ့လည်စာ မစားရသေးဘူးထင်လို့ ။
အပြင်သွားစားဖို့ လာခေါ်တာ "

"ကိုယ်ကဖြင့် လဲ့အာ ထမင်းဘူးထည့်လာမယ်ထင်လို့ ရေပဲသောက်ထားတာလေ ။ ကိုယ် ဒီကိုပြန်ရောက်ကတည်းက လဲ့အာရဲ့ ထမင်းဘူးကလေးမစားရသေးဘူးကွာ ။"

လဲ့အာက လွယ်လာတဲ့အိတ်ထဲက ကင်မရာကိုထုတ်ပြီး ရှောင်းကျန့်ရှေ့ယမ်းပြတယ် ။

"သတင်းထောက်လေ ဟိုပြေးဒီပြေးနဲ့ ဘယ်သယ်နိုင်တော့မလဲ ။
အပြင်မှာ သွားစားမယ် ။ အကိုရှောင်းကြိုက်တဲ့ ဆိုင်တစ်ဆိုင်ဆိုင်ပေါ့ ။
ဒီလောက်တော့ လိုက်လျောပေးမယ်"

My MuseWhere stories live. Discover now