12

6.5K 893 76
                                    

(Zaw Gyi)

အခန်းတံခါးကို ဆွဲဖွင့်ဝင်ပြီး လက်ထဲက လက်ကိုင်အိတ်ကို အိပ်ယာပေါ်ပစ်တင်လိုက်တယ်။ မှန်တင်ခုံရှေ့မှာထိုင်ပြီး ဖုန်းကိုကြည့်လိုက်တော့ အကိုရှောင်းက သူမကို အဆက်အသွယ်မလုပ်ခဲ့ပါ။ ပထမဆုံးပြောရရင် သူမအကိုရှောင်းကို ချစ်သလားဆိုတဲ့ မေးခွန်းရဲ့အဖြေပါပဲ။ ငယ်တုန်းက တွေ့တွေ့ချင်း ရင်ခုန်ခဲ့ရဖူးသူမလို့ ချစ်တာလား။ ဒါမှမဟုတ် သူမဖခင်ဖြစ်သူကို မိတ်ဆက်ပေးတဲ့အခါ ပနံတင့်တယ်တဲ့ မြို့တော်ဝန်ရှောင်းကို အားကိုးချင်စိတ်က ပိုသွားတာလား။

သူမရဲ့ အမဖြစ်သူကို အဖေက သိပ်ချစ်တာပဲ။
ဒါပေမယ့် အမဖြစ်သူက သာမန်ဝန်ထမ်းတစ်ဦးနဲ့ ချစ်ကြိုက်သွားတဲ့အခါ ဖခင်က အမြင်သိပ်စောင်းပါတယ်။ အဲ့နေ့ကများဆို မမကို ဖေဖေက စကားတောင်မပြောပဲ ဥပေက္ခာပြုခဲ့တာ။
နောက်နေ့ ဗြိတိန်ဝန်ကြီးချုပ်ရှိတဲ့ပွဲမှာ သူမအဖေက အကိုရှောင်းကို လူတွေအလယ် "ဒါကျွန်တော့်သမက်လောင်းလေ ဒါကတော့ သမီးလတ်ပေါ့" လို့မိတ်ဆက်ပေးတဲ့အခါ သူမဖခင်က ပြုံးရွှင်နေခဲ့လေရဲ့။ သူမက ဖေဖေ့ဂုဏ်ကိုဆောင်နိုင်ခဲ့တာလေ ဖေဖေကသဘောကျခဲ့တယ်မလား။
ဒီအချိန်ရောက်မှ ရှောင်းကျန့်ကို စွန့်လွှတ်ရမယ်တဲ့လား။ ဒီလိုအချိန်ရောက်မှတဲ့လေ။

တုန်ရီနေတဲ့ နှုတ်ခမ်းဖျားက တဆတ်ဆတ်ရယ်နဲ့ မျက်ရည်တွေက သွင်သွင်ကျတယ်။
သူမဘဝမှာ ဘယ်သူ့ဆီကမှ အချစ်မခံရတော့ဘူးတဲ့လား။

ဝမ်ရိပေါ်ပြောတဲ့ "ရှောင်းကျန့်ကို နင်ရှင်းပြဖို့ ငါအချိန်ပေးမယ်။ နင့်အသိစိတ်နဲ့ နင်ရှင်းပြ" လို့ပြောတဲ့အခါ သူမရဲ့ခဏတာပိုင်ဆိုင်ခြင်းပြဂုဏ်ကို သူမပြန်အပ်ရတော့မယ်ဆိုတာ လုံးဝသေချာသွားခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ တကယ်မနှစ်မြို့စရာကောင်းတာပဲ။

သူမ ဘယ်လိုလုပ် အကိုရှောင်းကို စွန့်လွှတ်ရမှာတဲ့လဲ။ အကိုရှောင်းရှိမှ သူမဂုဏ်တင့်တယ်မှာလေ။ အတူတူရှိခဲ့ကြတဲ့ သမီးရည်းစားလိုဆက်ဆံရေးမျိုးမဟုတ်ပေမယ့် အကိုရှောင်း သူမကို ဝမ်ရိပေါ်လို့ ထင်ခဲ့တဲ့အချိန်တုန်းက သူမကို သိပ်ဂရုစိုက်ခဲ့တဲ့အချိန်တွေမှာ သူမဟာ ဒီလူတော်ကောက်မယ့် မိဖုရားလို့သတ်မှတ်ခံခဲ့ရတာမျိုးမလား။
အခုမှ ဘာလို့လဲ။
စားရခါနီးမှ လွတ်ကျသွားတဲ့မုန့်လို့မျိုး လဲ့အာဘဝက အဲ့သလိုအဖြစ်ခံလိုက်ရတော့မှာလား။

My MuseWhere stories live. Discover now