01

9.9K 919 26
                                    

(Zaw Gyi)

ပြောခဲ့သလို အမှားတွေဘယ်ကစလဲ ပြန်ကောက်ရရင်ဖြင့် ဝမ်ရိပေါ် ဘယ်ကစဖြေရမှန်းမသိ ။
အဖြေမရှိတာမဟုတ်ပဲ သူ့အဖြစ်က multiple choice ရွေးနေရသလိုမျိုး ။
ဒါပေမယ့် သူ့ဘဝရဲ့ multiple choice က မှားခဲ့တဲ့ အမှားရဲ့ အမှန်ကို ရွေးနေရတာမျိုးဖြစ်ပြီး ဘာဖြေဖြေမှန်နေတာချည်း ။

အဲ့တော့ ဒီ multiple choice မေးခွန်း "အမှားတွေရဲ့အစ"က နံပါတ်တစ်နေရာမှာ နိုင်ငံရေးသိပ္ပံပထမနှစ်ကျောင်းသား ဝမ်ရိပေါ် ၊ နံပါတ်နှစ်နေရာမှာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးတန်းကျောင်းသား ရှောင်းကျန့် ၊ နံပါတ်သုံးမှာက ရှန်ဟိုင်းရဲ့ထက်မြက်လှတဲ့ မြို့တော်ဝန် ရှောင်းကျန့်နဲ့ ရှန်ဟိုင်းရဲ့တောက်ပလှတဲ့ ငွေကြယ်ပွင့် ဝမ်ရိပေါ် ။

သိသိကြီးနဲ့ မှားနေရတာက ဝမ်ရိပေါ်ဖြစ်ပြီး မှားမှန်းသိပြီးမှ ဆက်မှားနေရတာက ရှောင်းကျန့် ။
ဆိုတော့ ဒီ multiple choice ဟာ သူ့အတွက်အောင်မှတ်ဆို ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကြောင့်ပဲ စာမေးပွဲအကြိမ်ကြိမ်ကျနေရတဲ့သူ ။
ကျေကျေနပ်နပ်ကြီးကို ကျအောင်ဖြေမယ့်သူ ။

                                  *****

"ကျွန်တော်တို့က ဘာကိစ္စမှမရှိပါဘူး ။
အဲ့နေ့က ဝမ်ရိပေါ်က မူးနေတယ်ထင်ပါရဲ့ ။
ကျွန်တော့်ပေါ် အန်ချလိုက်တယ်လေ .. အဲ့ဒါနဲ့ပဲ အင်္ကျီချွတ်ပြီး ထွက်လာလိုက်ရတာပါပဲ ။"

တံခါးဖွင့်ပြီး ဝင်လာတော့ ဟောက်ရွှမ်းက laptop ကို သည်းကြီးမည်းကြီးကြည့်နေတယ် ။

"သတင်းထောက်တွေ မရှိတော့အောင် မင်းလုပ်လိုက်တာလား ?"

"မဟုတ်ဘူး .. စီနီယာရှောင်း ထရှင်းလိုက်တာလေ ။ အရှိန်အဝါတော့ အရမ်းကြီးတာနော် ဟေ့ကောင် .. သူတစ်ခွန်းပြောလိုက်တာနဲ့ သတင်းထောက်တွေ တပ်ခေါက်ပြန်ပဲ ။"

"အော် .."

"ဒါနဲ့ နေပါဦး မင်းတို့ အဲ့ညက ဘာမှမဖြစ်ဘူးမလား"

အဲ့ညတင်မက စတွေ့ကတည်းက သူတို့ နယ်ကျွံခဲ့ပြီးသားဆိုတာ ပြောလိုက်ရင် ဟောက်ရွှမ်းမေ့လဲသွားမှာစိုးလို့ မပြောပြဖြစ်တော့ ။

"ထင်ချင်သလိုထင်"

"ငါတော့ စီနီယာကို ယုံတယ်"

My MuseWhere stories live. Discover now