17

7K 810 67
                                    

(Zaw Gyi)

*ရှန်ဟိုင်း၏ အနုပညာရှင် ဝမ်ရိပေါ်သည် အမျိုးသားတစ်ဦးနှင့် ရည်ငံနေလျက်ရှိပြီး လိင်တူစိတ်ဝင်စားသူမှန်း စုံစမ်းသိရှိရ*

သတင်းစဉ်က လူမှုစာမျက်နှာထက်မှာ ပလူပျံနေပြီး comment section မှာလည်း အတော်လေး ရိုက်ခတ်မှုပြင်းထန်နေပြီ။ ဆောင်းပါးရေးထားတာကလည်း သိပ်ကို ပြောင်မြောက်လွန်းနေတယ်။ လဲ့အာက ဓါတ်ပုံတွေမပါပါပဲနဲ့ စာရေးတဲ့ပုံစံကို လက်နက်အဖြစ်သုံးပြီး ဟိုလူယောင်ယောင် ဒီလူယောင်ယောင်ထင်ရအောင်ရေးထားတယ်။ ဆိုတော့ကာ ဒီပွဲမှာ ရှောင်းကျန့်ကိုဖယ်ထုတ်လိုက်ပြီး ဝမ်ရိပေါ်နဲ့ပဲ ကစားတော့မယ်ဆိုတဲ့သဘောပေါ့။

လက်သီးကိုတင်းတင်းဆုပ်ပြီး အံကိုကြိတ်လိုက်မိတဲ့အခါ သူစဉ်းစားမိလိုက်တာက တစ်ခုတည်း။
ဝမ်ရိပေါ်ဘယ်လိုများနေမလဲ..

"ပြန်မယ် .."

"မဲရလဒ်ကို စောင့်ရပါဦးမယ်"

"ငါက ပြန်မယ်လို့ပြောနေတယ်လေ"

အတွင်းရေးမှုးက ရှေ့မှာ ပိတ်ရပ်နေသေးတယ်။ သူ့ကိုသွားခွင့်မပြုပါ။

"မြို့တော်ဝန်က ဒီလိုလုပ်နေလို့မဖြစ်ပါဘူး။ ပိုပြီး သွေးအေးအေးစဉ်းစားရမှာပါ။"

သူကသွေးအေးပါတယ်။ ဒါပေမယ့် သူ့စိတ်က အဖွင့်အပိတ်ခလုတ်တွေနဲ့ထိန်းချုပ်ထားသလိုမျိုး ဝမ်ရိပေါ်နဲ့ပတ်သက်လာရင် သိပ်ကို စိုးရိမ်တကြီးရှိလှတယ်။ အရင်ကလိုမျိုး သတင်းစားရှင်းလင်းပွဲနဲ့ ထရှင်းရအောင်လည်း သူနဲ့ပတ်သက်ပြီး စလာတဲ့ပွဲမဟုတ်ပဲ လဲ့အာဘက်က စတင်လာတဲ့ပွဲ ..။ ဖြေရှင်းရမယ့်သူက သူမဟုတ်တော့ဘူး။
ထိုင်ခုံမှာပြန်ထိုင်ပြီး စိတ်အေးလက်အေးဖြစ်အောင် နေရင်း ဘယ်ကစကိုင်ရမလဲလို့ပြန်တွေးမိတယ်။

"သိနေတာလား မင်းက ?"

"အနားမှာ ရှိနေပြီး မသိရင် ကျွန်တော်က ညံ့လွန်းတဲ့ အတွင်းရေးမှုးဖြစ်နေမှာပေါ့"

ခေါင်းကို နောက်မှီချလိုက်ပြီးမှ သူဘယ်လိုလုပ်သင့်သလဲစဉ်းစားရပါတယ်။ လဲ့အာက ဒီလိုဆို လွယ်လွယ်နဲ့ ဆုတ်ပေးမယ့် သဘောမရှိပါ။ ရှောင်းကျန့်ကို သိက္ခာမချချင်တာမို့ ဝမ်ရိပေါ်ကို ဆွဲချတော့မယ့် အကြံကို သူကမရိပ်မိခဲ့တာပဲ။

My MuseWhere stories live. Discover now