03

6.1K 866 42
                                    

(Zaw Gyi)

PS professor ရဲ့အချိန်က ပျင်းစရာပါပဲ ။
ကထိက ထပ်ခိုင်းထားတဲ့ assignment စာရွက်တွေကို ပြန်ဝေပေး ၊ ပြန်ဆွေးနွေးရင်းနဲ့ အချိန် တစ်နာရီခွဲက ကုန်တော့မယ် ။
ဒီအချိန်ပြီးရင် မဟာတန်းဘက်ကို ခြေဦးလှည့်မယ် ။
ရှောင်းကျန့်ဆိုတဲ့ မဟာတန်းက စီနီယာကို သွားချောင်းမယ် ။
Shit ! သူ့အလှည့် သူ့စာရွက် ယူပြီးရင် အခန်းထဲက ထွက်လို့ရနေပြီကို professor က စာရွက်မပေးသေးဘူး ။
နောက်ကျတော့မှာပဲ ။

"ဝမ်ရိပေါ် "

"Present , Sir !"

တစ်ခန်းလုံးက စာရွက်ရပြီထင်တယ် ။
ဟောက်ရွှမ်းတောင်မှ စာရွက်ကို ဖင်လှန်ခေါင်းလှန်ကြည့်နေတယ် ။

"မင်း တရုတ်ပြည်ကို ဘယ်လိုမြင်လဲကွ ?"

"အာ .."

တရုတ်ပြည်ဟာ တရုတ်ပြည်ပဲလေ ။
ဘယ်လိုမြင်ရမလဲ ။
တရုတ်တွေရှိနေတဲ့ ပြည်လား ?
People's Republic Of China လား ?

အတန်းရှေ့မှာ အရှက်မကွဲချင်တာမလို့ မနေ့က ကူးလာတဲ့ စာထဲကပဲ ရွတ်ပြလိုက်တာ ပိုကောင်းမယ် ။

"အာ ကုန်သွယ်ရေးအရ အခြေအနေခိုင်တဲ့ နိုင်ငံပေါ့ ဆရာ ။
ပြည်ပ စီးပွါးရေးရောင်းဝယ်ရေးကရတဲ့ ဝင်ငွေ (၆၀) ရာခိုင်နှုန်းက နိုင်ငံ့စီးပွါးရေးလည်ပတ်ဖို့ ကူညီပေးတာမလို့ စီးပွါးရေးနိုင်ငံလို့လည်းပြောလို့ရတယ် ။
ပြီးတော့ နိုင်ငံတကာ စက်မှုလုပ်ငန်းတွေရဲ့ အခြေစိုက်က တရုတ်ဖြစ်တာမလို့ စက်ရုံတွေရဲ့ ဝင်ငွေ (၃၀) ရာခိုင်နှုန်းက နိုင်ငံအခွန်ဘဏ္ဍာအဖြစ် သိမ်းယူခံရတယ် ။"

ဝမ်ဟောက်ရွှမ်းက ဘေးကနေ လက်ခုပ်တိုးတိုးတီးတယ် ။
တစ်ခန်းလုံးက ဝိုးကနဲ ထအော်ကြတယ် ။
ဆရာကတော့ တစ်ချက်ရယ်တယ် ။

"မင်းပြောတာတွေ မင်းရေးထားတာတွေ အကုန်လုံးက အရင်နှစ်တွေက ကျောင်းသားတစ်ယောက်စာတမ်းနဲ့ တူနေတယ်ကွ ..
ပြီးတော့ အဲ့ကျောင်းသားက မင်းစာကို စစ်ပြီး ငါ့ကိုပြန်လာပြောထားတာ ။"

"ဗျာ ..?"

"ဌာနကို လိုက်ခဲ့ ! မင်းစာတမ်းအသစ် ပြန်ထပ်ရမယ် ။"

မရှိရှိတဲ့ အရှက်တွေကွဲကုန်တယ် ။
ဒုက္ခပါပဲ .. ရှောင်းကျန့်ကို ချောင်းရမယ့်အချိန်တွေ လျော့ကုန်တော့မယ် ။

My MuseWhere stories live. Discover now