Epilogue

9.2K 924 56
                                    

(Zaw Gyi)

*မြို့တော်ဝန် ရှောင်းကျန့်က ပြိုင်ဘက်မြို့တော်ဝန်လောင်းအား မဲရာခိုင်နှုန်း ၂၀.၃ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိ။ ရှန်ဟိုင်း မြို့တော်ဝန်ရှောင်းကျန့်သည် ..*

သူသိပြီးသားဖြစ်တဲ့ ရှောင်းကျန့်ရဲ့ biography ကိုပဲ ဆက်လက်ရေရွတ်ပြတော့မှာမလို့ TV ကိုပိတ်ပြီး ထိုင်နေလိုက်တယ်။
ရှောင်းကျန့်က သူ့ဆီရောက်မလာသေးပါ။
အိမ်ပြန်နောက်ကျမယ်ဆိုရင်တောင် သူ့ဆီတော့ လိုက်လာသင့်တယ်မလား။ လဲ့အာကများ ရှောင်းကျန့်ကို သူ့ဆီက ဆွဲထုတ်သွားပြန်ပြီလား။ ရှောင်းကျန့်က သွားရှင်းတယ်ဆိုပေမယ့် လဲ့အာက လွှတ်မပေးတော့ရင်ရော ..
အဲ့လူက သောက်တုံး။ အနားမှာရှိတဲ့ ရိပေါ်က ဘယ်သူမှန်းတောင်မသိတဲ့ အဲ့လူက သောက်တုံး။ တော်ကြာ လဲ့အာက ရှောင်းကျန့်ကို မဟုတ်တာတွေပြောပြီး ပြန်ဆွဲခေါ်သွားရင် ဘယ်လိုလုပ်ကြမလဲ။

ညက နက်သထက်နက်လာတယ်။
လိုက်ကာအဖြူလွလွတွေက လေတိုက်လို့ ပိုပြီးလွင့်နေကြတယ်။ လမင်းကြီးကတော့ ဝိုင်းစက်လို့ ဒီနေ့လမိုက်ညမဟုတ်။

ပြီးတော့ ခြေသံခပ်တိုးတိုးကို ထပ်ကြားရတယ် ..။

"ရှောင်းကျန့် ?"

"အင်း .. ကိုယ်"

အခုမှ စိတ်ကို လွှတ်ချမိတယ်။ ရှောင်းကျန့်က သူ့ကို ထားသွားခဲ့ဖူးတယ်လို့ သူကထင်ပေမယ့် ရှောင်းကျန့်က သူ့ကို ဘယ်တုန်းကမှ မထားသွားခဲ့ဖူးတဲ့ အမှန်တရားကို ခဏမျက်ကွယ်ပြုပြီး စိတ်ကို ပူလောင်ခွင့်ပေးလိုက်မိတာပဲ။

"ခင်ဗျား ထားသွားပြီထင်တာ .. ခင်ဗျားက သောက်တုံးဆိုတော့ သတင်းတွေကို ယုံသွားပြီထင်တာ.."

"အဟက် .. ဟုတ်တယ်။ ကိုယ်ကသောက်တုံးလေ .. ဘယ်လိုလုပ်ကြမလဲ .. လဲ့အာက ကိုယ်နဲ့မင်းနဲ့ ဇာတ်လမ်းဖြစ်နေတာကို ဖွင့်ချလိုက်မှာတဲ့ .."

ပြီတီတီအသံနဲ့ ရှောင်းကျန့်ကတကယ် ချစ်စရာ။ ဘယ်သူတွေက ရှောင်းကျန့်ကို ကြောက်စရာကောင်းတယ်ပြောကြလဲ မသိပေမယ့် ရိပေါ်အတွက်တော့ ရှောင်းကျန့်က ရင်ခုန်ဖို့ကောင်းတယ်။ နွေဦးရဲ့လေလိုမျိုး ပူလောင်နေတဲ့အချိန်မှာ တစ်ချက်လောက်တော့ သူ့ကို ငြိမ်းအေးသွားစေတယ်။ အမြဲတမ်းငြိမ်းအေးစေတာမျိုးတော့မဟုတ်ပေမယ့် သူ ပူလောင်တိုင်းတော့ ရှောင်းကျန့်က လေနုအေးလေးဖြစ်ပေးတယ်။ ဆိုရရင်ဖြင့် ရှောင်းကျန့်က မျက်နှာဖုံးများတယ်လို့ သူထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူသိတဲ့ ရှောင်းကျန့်က သူနဲ့ဆို မျက်နှာဖုံးချွတ်ထားတတ်ပြီး ပကတိ ဘာမှမသိတဲ့ ယုန်လိုမျိုး။

My MuseWhere stories live. Discover now