16

5.5K 771 19
                                    

(Zaw Gyi)

Camel က Marlboro လောက်အနံ့မပြင်းပါ။
စုပ်ယူခံထားရတဲ့ နှုတ်ခမ်းသားနှစ်လွှာမှာ တစ်ဖက်က မူလ cigarette အနံ့ မြစ်ဖျားခံရာဖြစ်ပြီး တစ်ဖက်ကတော့ အနံ့ကူးနေတဲ့နေရာ ..။

"ပြီးမှ ဆေးလိပ်သောက်မယ်ဆိုတာ ကိုယ့်ကိုနမ်းဖို့လား .."

"ဆေးလိပ်သောက်တာမကောင်းဘူး .. ဒါပေမယ့် ခင်ဗျားဆီကတဆင့် ဆေးလိပ်ကို အရသာခံရတာတော့ မဆိုးပါဘူး"

အခုအခြေအနေအရ ဝမ်ရိပေါ်က ရှောင်းကျန်ရဲ့ ပေါ်ရင်းနားပေါ်မှာခွထိုင်နေတယ်။ ရှောင်းကျန့်ကတော့ ကုတင်ခေါင်းရင်းကို ကျောမှီထိုင်ထားရင်း ဝမ်ရိပေါ်ရဲ့ ခါးသွယ်သွယ်ကို မလွတ်တမ်းထိန်းထားတယ်။
ပွဲမှာ နည်းနည်းသောက်လာပုံရတဲ့ ဝမ်ရိပေါ်က ဒီနေ့တော့ အရမ်းဆွဲဆောင်မှု ပျင်းရှနေတယ်။
ရီဝေပြီး အနည်းငယ်ထွေနေသလိုမျိုး မျက်လုံးတွေနဲ့ ရှောင်းကျန့်မျက်နှာအနှံ့ကို အနမ်းခပ်ဖွဖွချွေတယ်။ မျက်လုံးတွေ ၊ နှာတံစင်းစင်း ပြီးတော့ နှုတ်ခမ်း ။

ရှောင်းကျန့်ကိုနမ်းပြီး ဝမ်ရိပေါ်ရဲ့လက်ချောင်းသွယ်သွယ်လေးတွေက ရှောင်းကျန့်မျက်နှာကို ကိုင်ဖို့လုပ်နေတာကြောင့် ခါးမှာရစ်ပတ်ထားတဲ့ လက်တစ်ဖက်ကို ဖယ်ပြီး ဝမ်ရိပေါ်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဖမ်းတော့ မခေသူ ဝမ်ရိပေါ်က လည်ပင်းက ဆွဲကြိုးကို လှမ်းဆွဲပါတယ် ..။

"အ နာတယ် .. ပွန်းသွားတော့မှာပဲ .."

"ဆွဲထားသားပဲ ဆွဲကြိုး"

လက်ညှိုးတစ်ချောင်းနဲ့ ရှောင်းကျန့်လည်ပင်းကို တို့ထိနေပြီး သော့ခလောက်ကလေးကို ဟိုလှည့်ဒီလှည့်လုပ်နေတဲ့ဝမ်ရိပေါ်က ခါတိုင်းနေ့တွေထက်ပိုလို့ အထိမခံဖြစ်နေတယ် ။
ရှောင်းကျန့်ပေါင်ကို လှုပ်ရှားလိုက်တော့ အရှေ့ကို ငိုက်ကျလာတဲ့ ဝမ်ရိပေါ်ကို ဖမ်းပြီး ဆွဲလှဲလိုက်ရင်း နှာတံလုံးလုံးလေးကို ငုံခဲတော့ တားမြစ်တာမျိုးမရှိ။

"Camel က ခါးလား .."

"Marlboro ကပိုတယ်"

"အရသာမေ့သွားပြီ ထပ်နမ်းကြည့်မယ်"

ရှောင်းကျန့်ရဲ့လက်တွေက ရိပေါ်ကိုယ်ပေါ်မှာ ပြေးလွှားပွတ်သပ်နေတယ် ..။
ခန္ဓာကိုယ်တစ်ခုလုံးကို အထက်အောက်ချီတက်ရင်း အလုပ်ရှုပ်နေတဲ့ ရှောင်းကျန့်က မှောင်နေတဲ့အိပ်ခန်းထဲမှာတောင် ချောလွန်းတယ်။
နားသယ်စပ်က ချွေးစက်ကလေးတွေကအစ..
ရင်ညွန့်ကို စီးကျသွားတဲ့ ချွေးသီးချွေးပေါက်တွေအဆုံး ..။
ရှောင်းကျန့်က သူ့ကို စေလိုရာစေလို့ ပြုစားနေသေးတာ။

My MuseWhere stories live. Discover now