Thank You Letter

2K 156 7
                                    

မင်္ဂလာပါ .. ဟယ်သာပါ။

အားလုံးနေကောင်းကျန်းမာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာအောင်နေထိုင်ကြပါနော်။

ဟယ်သာ ဒီနေ့ New chapter ကပို့လိုက်တဲ့ My Muse စာအုပ်လေးကို လက်ခံရရှိခဲ့ပါတယ်။ စာအုပ်လေးက တော်တော်သပ်ရပ်ပြီး လက်တစ်ကိုင်စာလေးမလို့ ဖတ်လို့လွယ်တဲ့ပုံစံလေးပါ။ Physical book ဖန်တီးပေးတဲ့ NC ကိုလည်း ကျေးဇူးတင်ပါတယ်။ My Muse ရဲ့ taste အရ မှောင်မှိုင်းဝေရီနေတဲ့ vibe ကလေးနဲ့ထွက်လာလို့ တော်တော်လေးကျေနပ်ခဲ့ရပါတယ်။ Muse က စဖတ်ကတည်းက ဝေဝေဝါးဝါးခံစားချက်ကို ရရှိတာကြောင့်ရယ် အရောင်ခွဲမှတ်တဲ့အခါ မီးခိုးရောင်ရဲ့ အရောင်ကွဲများဖြစ်နေတာကြောင့်ရယ် ဟယ်သာ artist အစ်မကို မီးခိုးရောင်ဆွဲခိုင်းခဲ့တယ်ဆိုတာ သိကြမှာပါနော်။ ဒါပေမယ့် ဒီ Thank You Letter လေးမှာ Muse လေးရဲ့ လူမသိတဲ့အချက်လေးတွေကို ပြောပြပေးချင်ခဲ့တာပါ။

- My Muse ကို အစက Girl Love Plot အနေနဲ့ခေါင်းထဲပေါ်လာခဲ့မိတာပါ။ Underground Dancer မိန်းကလေးနဲ့ နာမည်ကျော်မင်းသမီးတစ်ဦး ချစ်ကြိုက်ကြတဲ့ပုံစံမျိုး ဖန်တီးဖို့ လုပ်ခဲ့ပေမယ့် သက်ဝင်ယုံကြည်ရာကိုမသွေဖယ်နိုင်ခဲ့တာမလို့ Zsww Fanfiction ဖြစ်လာခဲ့ပါတယ်။

- My Muse ရဲ့ ပထမနာမည်ကို "Shades of Grey" လို့ပေးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မသုံးဖြစ်ခဲ့ပါဘူး။

- Muse ဆိုတဲ့စကားလုံးကို John Legend (All Of Me) မှာ စတင်သိခဲ့ရပြီး Xiao's Muse လို့ပေးဖို့လုပ်ခဲ့ပါသေးတယ်။ နောက်ဆုံး My Muse ဖြစ်သွားခဲ့ရတာပါ။

- အစက စဉ်းစားထားတဲ့ ဇာတ်ကြောင်းမှာ love line မပါပါဘူး။ angst ပုံစံမျိုးပါ။ Karen သိပ်ကြိုက်တာမျိုးပေါ့။

- အဆုံးသတ်ကို အဲ့လိုဖြစ်စေဖို့မရည်ရွယ်ခဲ့ပေမယ့် ကိုယ်စလိုက်တဲ့ဇာတ်ကောင်ကို အဆုံးထိဆွဲသိမ်းလိုက်ချင်လို့ အဲ့လိုရေးခဲ့တာပါ။

ဒီလောက်ပါပဲ။ ဟယ်သာ့စိတ်တိုင်းကျ Karen အတွက် ရေးပေးခဲ့တဲ့ My Muse က ဒီလောက်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဟယ်သာပြန်လာတဲ့အခါမှာတော့ My Muse နဲ့ပဲ မမှတ်ထားစေချင်တော့ပါဘူး။ တခြားတစ်ခုရဲ့ ဟယ်သာအနေနဲ့ ပြန်လာခဲ့ပါ့မယ်။

(PS, ရှောင်းကျန့်ခန္ဓာကိုယ်က Rosemary အနံ့ကိုသိချင်ရင် bookmark က အနံ့ကို ရှူစမ်းကြည့်ပါ၊ အဲ့ဒါ Rosemary အနံ့ပါ .. အနည်းငယ်စူးပေမယ့် အမျိုးသားကိုယ်သင်းနံ့နဲ့ပေါင်းရင် အတော်လေးရီဝေစေတဲ့အနံ့မျိုးပါ၊ ဒီအနံ့ပါ ပါအောင်ထည့်ပေးရအောင်လို့ပြောတဲ့ အစ်မမို့မို့ကို ကျေးဇူးတင်ပါတယ်၊ bookmark အနောက်က scan ကို QR ဖတ်ရင် Conan Gray - HEATHER သီချင်းကို နားထောင်လို့ရပါလိမ့်မယ်)

My MuseWhere stories live. Discover now