14

6.2K 818 34
                                    

(Zaw Gyi)

"ခင်ဗျားကို လူရိုးလူအေးထင်ထားခဲ့တာ"

"ကိုယ်က လူရိုးလူအေးပဲလေ"

"ခင်ဗျားပြောခဲ့တဲ့စကားတွေကိုနားထောင်ရတာ အခုထိ ကြက်သီးထနေတုန်းပဲ..တော်လိုက်တာ ရှောင်းကျန့်ရာ"

စသိကတည်းက အခုထိ မျက်နှာပေါ်မှာ မထိမဲ့မြင်ဟန်ရယ် ဂျစ်တီးဂျစ်ကန်ရုပ်ရယ်ပဲ မျက်နှာဖုံးလဲလှယ်စွပ်ထားခဲ့တဲ့ ဝမ်ရိပေါ်ကလေးရဲ့ မျက်လုံးကနေတဆင့် သူ့ကို အထင်ကြီးလွန်းတဲ့ဟန်တွေ တွေ့မြင်နေတယ်။
ဝမ်ရိပေါ်နဲ့မှ လှစ်ဟပြလိုက်မိတဲ့ ရှောင်းကျန့်ရဲ့ တခြားတစ်ဖက်မှာ ဉာဉ်ဆိုးကလေးခပ်သေးသေးရှိနေသေးကြောင်းကိုမှ ဝမ်ရိပေါ်ကလေးက အထင်ကြီးသတဲ့လား။

"ကြိုက်လို့လား .."

"အဲ့လိုတော့မဟုတ်ပေမယ့် သဘောကျတယ်။ အကယ်၍ သူကလက်မခံရင် ခင်ဗျားက ဘယ်လိုလုပ်မလဲ ?"

"ဝမ်ရိပေါ်ကလေးက ကိုယ်ဘာမှန်းမေ့နေခဲ့တာလား"

"မြို့တော်ဝန်လေ"

"မြို့တော်ဝန်ဆိုတာထက် နိုင်ငံရေးသမားလေ..
အမြဲ ဒုတိယနည်းလမ်းနဲ့ ဝှက်ဖဲဆိုတာ ကိုယ်တို့မှာရှိတယ်။ တစ်ခုခုကို ချနင်းချင်ရင် သုံးရမယ့် ဝှက်ဖဲကို ကိုယ့်ဘက်က လဲ့အာ မိန်းကလေးဖြစ်နေလို့ မသုံးခဲ့ရုံလေးတင်.."

ပထမဆုံးအနေနဲ့ ရှောင်းကျန့်ကို လေးစားကြောက်ရွံ့မိခြင်းပါပဲ။ ရှောင်းကျန့်က ဒီလိုလူပါလားဆိုတာကို မေ့နေခဲ့တဲ့အထိ သူဟာရှောင်းကျန့်ဆီမှာ နစ်မြှုပ်နေခဲ့တာပါလား။

"ဒါပေမယ့် ဒါမင်းကြောင့်ပါပဲ။ သိသလား .. မင်းကိုထိခိုက်လာမှာစိုးရိမ်လို့ ချန်ထားခဲ့ရတဲ့ ဝှက်ဖဲအချို့ ကိုယ့်မှာရှိတယ်။
မင်းကိုယ်မင်း ကာကွယ်နိုင်တယ်လို့ထင်ပေမယ့် မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုဖြစ်နေတဲ့အခါ ကိုယ့်ဘက်က ကာကွယ်နိုင်ဖို့က ပိုအရေးကြီးတယ်"

ရှောင်းကျန့်ဟာ ရှောင်းကျန့်ပါပဲ။
ရှောင်းကျန့်ရဲ့ နေထိုင်ရှင်သန်တဲ့ဘဝမှာတော့ ရှောင်းကျန့်က မြို့တော်ဝန်ရှောင်းပါပဲ။
ရှောင်းကျန့်က ထက်မြက်မှုရှိလှပြီး အရာရာကို Plan A Plan B နဲ့ ခွဲခြားထားတတ်ပြီး စကားအရာကျွမ်းကျင်ပြောင်မြောက်လှတဲ့ နိုင်ငံရေးသမားပါပဲ။

My MuseWhere stories live. Discover now